Scroll down for zawgyi code users
Chen feiyu + Luo Yunxi
{By Emily} 2023ရှည်လျားလွန်းတဲ့ ခရီးသွားအုပ်စု။အရှင်မင်းမြတ် ရဲ့အမိန့်တော်အရ နှစ်သစ်ကူးပွဲတော်အမှီတက်ရောက်ရန် အမိန့်ကြောင့် စစ်သူကြီးချန်ဖေးယွီက လူတစ်စုကိုဦးဆောင်လို့ မြို့တော်ဆီခရီးစတင်ခဲ့တယ်။
အရှင်နဲ့ထိုလူစိမ်းက အရှေ့ဆုံးမှာ မြင်းအတူစီးလို့ ယှဥ်လျက်သွားနေကြတယ်။ထိုလူစိမ်းရဲ့ အမျှင်မပြတ်တဲ့ စကားတွေကိုတုန့်ပြန်မှုများများမပြုပေမဲ့ အရှင်ကစိတ်ရှည်စွာနားထောင်ပေးနေခဲ့တယ်။
လော်ယွင်ရှီးက မြင်းစီးမကျွမ်းကျင်သည်ကြောင့် ဝေါယာဥ်ထဲ၌သာ မင်းသမီးချန်နဲ့အတူ လိုက်ပါရသည်။မင်းသမီးချန်သည်လည်း မင်းကြီးက တွေ့ချင်သည်ဆိုသောကြောင့် အတူလိုက်ပါလာခြင်းဖြစ်သည်။
ယွင်ရှီးက ဝေါယာဥ်ရဲ့လိုက်ကာကို အသာ'မ'လို့ ခပ်ဝေးဝေးက ကျောပြင်နှစ်ခုကိုလှမ်းကြည့်လိုက်မိတယ်။
နာကျင်မှုတို့ဖြင့် တစ်ရက်တာကရှည်လွန်းတယ်။တစ်ယောက်တည်း ဘာမှလုပ်စရာလည်းမရှိဘူး။
ခင်ဗျားရဲ့ကျောပြင်ကိုသာ မြင်တွေ့နိုင်တဲ့ တစ်ရက်တာကို ထပ်ပြီးဖြတ်သန်းရအုန်းမယ်။"အားလုံးပဲ ခဏနားကြမယ်...."
အရှင့်ရဲ့အမိန့်ကို တစ်ယောက်က အော်ဟစ်အသိပေးလာပြီးနောက်မှာ တစ်ဖွဲ့လုံးရပ်နားလိုက်ကြသည်။
"ဘာလို့ရပ်တာတဲ့လည်း ရှေ့မှာရပ်ထားတာတောင် သိပ်မကြာသေးဘူး..."
"လူကြီးမင်း အန်းက ခါးနာလို့တဲ့၊စစ်သူကြီးက လူကြီးမင်း အန်းကိုတော်တော်ဂရုစိုက်တာပဲနော် မသိချင် အချစ်ဦးကိုပြန်..."
"ရူး..တိတ်တိတ်နေစမ်းပါ မင်းပါးစပ်ကတော့လေ အထဲမှာ...."
တပ်မှူးငယ်လေးနှစ်ယောက်ရဲ့ အပြန်အလှန်စကားပြောသံဟာ ဝေးကွာလို့သွားသည်။
ဝေါယာဥ်အပြင်ထွက်ရန်ပြင်နေတဲ့ ယွင်ရှီးက ပြန်ထိုင်လိုက်တယ်။မင်းသမီးချန်က သူ့အား ဝမ်းနည်းသည့်မျက်လုံးလေးများဖြင့် လှမ်းကြည့်လာသည်။"ဒါ...ဒီမင်းသမီး အကိုတော်ကို သွားတွေ့လိုက်မယ်..."
ယွင်ရှီး ပါးစပ်ပွင့်တုန်းရှိသေးသည် သူမလေးက ဂါဝန်စမလို့ အပြင်ကိုထွက်လို့သွားသည်။
ချန်ချန်ရဲ့နောက်ကျောကိုကြည့်ရင်းနွေးထွေးမှုကို ခံစားရသည်။အရင်ဘဝကရော အခုဘဝမှာပါ မည်သူတစ်ဦးတစ်ယောက်ကမှ နွေးထွေးမှုမပေးခဲ့ဖူးပါ။

YOU ARE READING
Dandelion ||History||
FanfictionOf all the lies I've heard 'I love you' was my favorite.