Scroll down for zawgyi code users
Chen feiyu + Luo Yunxi
{By Emily} 2024နှင်းတွေကြားမှာ အေးခဲနေပုံရတဲ့ ယုန်ဖြူလေးက သူ့ထံကိုတိုးဝေ့လို့နေတယ်။
သတ္တဝါတိုင်းက နွေးထွေးမှုကို တောင့်တကြတာပါပဲ။ခပ်ချောချော ကုန်းမြင့်လေးရဲ့အောက်မှာ ယွင်ရှီးက ပုန်းနေခဲ့တယ်။
ဟုတ်တယ် သူကပုန်းအောင်းနေခဲ့တာ။ဒီကနေ့က အနည်းငယ် အအေးလျော့နည်းနေပြီ၊ကလေးတွေနဲ့ တောင်ပေါ်တက်ကာ အသီးလာကောက်တဲ့နေ့ဖြစ်သည်။
ပုံမှန်ဆိုလည်း မိဘတွေက သူနဲ့ဆိုကလေးတွေကိုစိတ်ချကြသည်။
ယခုအခါ မတိုင်ခင်နေ့ကသူပြောပြထားသည့် တူတူပုန်းတိုင်းကစားနည်းကို ကလေးတွေက ကစားချင်သည် ဆိုတာကြောင့် အတူဆော့ပေးနေခြင်းဖြစ်သည်။ဤတောင်ပေါ်တွင် သတ္တဝါကြီးများမရှိပါ။ယုန်ဖြူလေးများက အသဲယားစရာကောင်းအောင် ထူးစမ်းစွာ သူ့အားကပ်တွယ်သည်။
အတူပါလာသည် မိန်မိန်ကို အငယ်ဆုံးကလေးအား ဂရုစိုက်ပေးရန်ထည့်ပေးလိုက်ပြီး သူကဒီနေရာမှာ ပုန်းနေခဲ့ခြင်းဖြစ်သည်။
ဂျွတ်~
သစ်ကိုင်းနင်းသံကြောင့် ယွင်ရှီးကယုန်ဖြူလေးကို ပိုက်ထွေးလိုက်ပြီး ငြိမ်နေလိုက်သည်။
လိုက်ရှာနေသည့် ကလေးတစ်ယောက် ရောက်လာခြင်းဖြစ်လိမ့်မည်သို့သော်လည်း မဟုတ်ခဲ့ပါ..
"စစ်သူကြီးချန် သခင်လေးလော်ကို လွှတ်ပေးထားလိုက်ပါတော့..."
သူ့၏အမည်ထွက်ပေါ်လာမှုကြောင့် မသိစိတ်အရ အသက်ရှူသံကိုပင် တိုးလိုက်မိသည်
"အမတ်မင်းလော်ရဲ့ တိတ်တဆိတ်အမြတ်ထုတ်မှုတွေရော၊စစ်သူကြီးကို လုပ်ကြံဖိုကိစ္စတွေမှာပါ သခင်လေးလော် ပါဝင်ခြင်းမရှိဘူးဆိုတာ သေချာနေပြီပဲ.."
သူသေချာမသိသည့် အကြောင်းအရာများ ဖြစ်လိမ့်မည်..
"သခင်လေးက စစ်သူကြီးကိုစိတ်ရင်းမှန်နဲ့ချစ်နေတဲ့ပုံပါပဲ...စစ်သူကြီးက သူ့အဖေရဲ့အတွင်းရေးတွေကိုသိဖို့ သူ့ကိုအနားခေါ်ထားတယ်ဆိုတာသိရင်..သခင်လေး...သူ"
YOU ARE READING
Dandelion ||History||
FanfictionOf all the lies I've heard 'I love you' was my favorite.