||4||

274 38 29
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2022

တတိယမင်းသားသည် ထီးနန်းအားချိန်းခြောက်နိုင်သည့် မင်းသားများထဲတွင် ထိပ်ဆုံးမှတစ်ယောက်ဖြစ်သည်။ချန်မင်းကြီးတွင် သားတော်၁၁ယောက်နှင့်သမီးတော်အယောက်၃၀ရှိပြီး ထိုသူများအားလုံးက မိခင်မတူကြပေ။

တတိယမင်းသား၏မိခင်သည် လူရိုင်းနယ်မြေမှ တစ်ဦးတည်းသောမင်းသမီးဖြစ်ပြီး ချန်မင်းကြီးမင်းသားငယ်ဘဝကပင် အချင်းချင်းမေတ္တာမျှခဲ့ကြသည်။သို့ပါသော်လည်း ချန်မင်းကြီးထီးနန်းရသည့်အခါ မိဖုရားရာထူးပင်မရရှိခဲ့ပဲတတိယမင်းသားအား မွေးဖွားပြီးနောက်တွင်သေဆုံးသွားခဲ့ရသည်။တတိယမင်းသားသည် လူရိုင်းနယ်မြေသို့မပြောင်းရွှေ့ခင်အချိန်ထိ နန်းတော်ထဲကသူ၏ဘဝသည်လွန်စွာခက်ခဲခဲ့သည်။

အရွယ်ရောက်လာတော့လည်း ကြီးမားသည့်ခန္ဓာကိုယ် မြင့်မားသည့်လက်ရုံးရည်နှင့် ပြည်သူများ၏အားပေးထောက်ခံမှုအများဆုံးရရှိခဲ့ခြင်းကြောင့် ချန်မင်းကြီး၏မျက်လုံးထဲ၌အစိုင်အခဲတစ်ခုဖြစ်လာခဲ့သည်။

တတိယမင်းသားအား လူရိုင်းမြေအားအပိုင်စားပေး၍ ဘုရင်ခံဖြစ်စေခဲ့ပြီးနောက်တွင် အမျိုးသားမိဖုရားအား ချီးမြှင့်ခဲ့သည်။ထိုအချင်းအရာသည် တတိယမင်းသား၏ မျိုးဆက်ကိုပြတ်စေရန်ရည်ရွယ်ခြင်းဖြစ်သည်။မြို့တော်မှ အမတ်ငယ်လေး၏ အပယ်ခံသားတစ်ယောက်အား မင်းသမီးရာထူးပေး၍စေလွှတ်ပြီး၊တတိယမင်းသားအားလည်း ထီးနန်းအားလက်မခံနိုင်သည့် ဘွဲ့တစ်ခုအားချီးမြှင့်ခဲ့သည်။

ယွင်ရှီးသည် အနည်းငယ်ဟနေသည့် ရင်ဖက်မှအကျီစလေးကို ခပ်တင်းတင်းဆွဲကိုင်လိုက်မိသည်။ရေကန်မှပြန်ရောက်ပြီးနောက်တွင် အတွင်းဝတ်ရုံအပါးလေးသာလဲရသေးသည့် ယွင်ရှီးက သူ၏ရောဂါလက္ခဏာလျော့ပါးသွားမှုကြောင့် ယခုအခါတွင် ခိုက်ခိုက်တုန်နေပြီဖြစ်သည်။

ယွင်ရှီးက မျက်လွှာချကာ အကြည့်များအား တတိယမင်းသား၏ကြီးမားသော ဖိနပ်တွင်သာ ပို့ထားသည်။မိမိသည် သူ့အားထီးနန်းရယူရန်ခက်ခဲခဲ့စေသော လူတစ်ယောက်ဖြစ်တာကြောင့် ထိုသူက မုန်းတီးနေလိမ့်မည်။ထို့ကြောင့် ယခုအပြစ်ကြောင့် ဒဏ်ပေးလျှင်လည်း လက်ခံယုံသာရှိတော့သည်။

Dandelion ||History||Donde viven las historias. Descúbrelo ahora