||16||

136 21 1
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2024

နှလုံးသားက အစွဲအလမ်းများဟာ မီးလိုလောင်ကျွမ်းလို့ ပြာမှုန်များဟာ လေအဟုန်မှာ လွင့်လို့ရယ်..

ဘယ်အချိန်ကလည်း သတိမထားမိခဲ့ပေမဲ့
အတော်လေး နစ်မြှပ်လာတဲ့ တစ်ဖက်လူအတွက်ချစ်ခြင်းအပေါ်မှာ ရပ်တန့်လိုက်ဖို့ကြိုးစားရင်း ပိုပြီးရုန်းထွက်ရခက်နေခဲ့မိတယ်။

ရူးသွပ်လောက်စရာအချစ်က ပထမဆုံးတွေ့ဆုံမှုမှာတင် ထွက်ပေါ်လာခဲ့တယ်။
ပိုပြီးချစ်မိလို့ ပိုပြီးနာကျင်ရတယ်။အေးစက်တဲ့မင်းက တစ်ချက်လေးလှည့်ကြည့်ဖို့တောင် ဝန်လေးနေခဲ့တယ်။

မရေမတွက်တဲ့ တိတ်ဆိတ်တဲ့ညတွေမှာ လူတစ်ယောက်ကိုလွမ်းနေယုံအပြင် အခြားမတက်နိုင်ခဲ့ဘူး။

လော်ယွင်ရှီးက ဒီကနေ့လည်း အေးစက်ခြောက်သွေ့နေတဲ့ အဆောင်ထဲမှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်။ထမင်း၂နပ်လာပို့တာကြောင့်သာ ဒီနန်းတော်ထဲမှာ သူရှိနေသေးတာမမေ့သေးကြောင်း သိရသည်။

နှလုံးသားထဲက လက်လှမ်းမမှီတဲ့ လှပမှုလေး..

"ဝမ်ဖေး ဒီနေ့ရော နန်းတော်အပြင်ထွက်လည်ချင်ပါသေးလား..ဒီယားထို ဝမ်ဖေး စိတ်လေးအပြောင်းအလဲဖြစ်လောက်မဲ့ တစ်ခုခုရှာတွေ့ခဲ့ပါတယ်.."

လော်ယွင်ရှီးက မော့ကြည့်လာသည်။

"အဲ့တာက ပိုင်ယွဲ့ကွမ်း(လရောင်ဖြူ)လိုအမည်ရတဲ့ ရေကန်လေးပါ သူကရာသီပတ်လုံး ရေအတက်အကျမရှိဘဲ ကြာပန်းရောင်စုံလည်း ရှိတယ်တဲ့ နောက်ပြီး အဲ့ဒီကကြာပန်းမုန့်ပြားက အရမ်းကိုစားလို့ကောင်းတယ်လို့ပြောကြတယ် ဝမ်ဖေးသွားချင်ပါသလား..."

ယွင်ရှီးက သူ့အတွက်တကူးတက ပျော်ရွှင်စရာများလိုက်ရှာပေးနေသည့် ဟွားဟွားရဲ့စေတနာအားမငြင်းပယ်ခဲ့ပေ။မင်းသမီးချန်ချန်ကလည်း သူ့မယ်တော်ရဲ့ဆွဲခေါ်ထားမှုကြောင့် သူ့ဆီရောက်မလာနိုင်ခဲ့ပေ။
သူနှင့်နီးစပ်ရန် မည်သူကမှအလိုမရှိကြပေ။

မူလခန္ဓာကိုယ်ရဲ့ဖခင်က ဥာဏ်များသလိုကောက်ကျစ်သည်ကြောင့် ဆန့်ကျင်ဘက်လူများက သူနှင့်မဆက်ဆံချင်သလို ထိုသူနှင့်ဘက်တူသူများကလည်း သူ့လိုအချက်အလက်ရယူရန်ပို့ထားသည့် ဓားစားခံလေးအား အလေးမပေးချင်ကြပေ။

Dandelion ||History||Donde viven las historias. Descúbrelo ahora