||20||

152 16 6
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2024

နွေဦးတွင် ဒုဒလီပန်းများက ဖြစ်မလာသေးသောဆုတောင်းများကို ထမ်းပိုးရင်း မွှေးပျံ့သော ရနံ့နှင့်အတူ လေထု၏ခေါ်ဆောင်ရာသို့ မျှော်လွင့်နေကြသည်။

သူ၏ အတိတ်ရော ယခုလက်ရှိပါ စောင့်မျှော်လင့်ခဲ့ရသူသည်တစ်ဦးတည်းသာဖြစ်သည်။ထိုသူသည် မိုးမခပင်ပမာ မယိုင်မနဲ့သောစိတ်အစဥ်ဖြင့် သူ့အားချစ်မြတ်နိုးခဲ့သူ။

ရိုးစဥ်းသောစိတ်ဝိဉာဥ်နှင့်ဖြူစင်သော စိတ်ထားတစ်ခုသာ အစမှအဆုံးထိ မပြောင်းလဲတည်ရှိခဲ့သည်။

မင်းကိုဘယ်သူမှမတွေ့နိုင်မဲ့နေရာမှာ ဖွက်ထားချင်မိခဲ့တယ်။

ပထမဆုံးစတွေ့ချိန်က ပုံရိပ်လေးကို ကိုယ်ဘယ်မေ့နိုင်ပါ့မလဲ။မင်းမျက်ဝန်းတွေက ကိုယ့်အတွက် အလှပဆုံး ပန်းချီတစ်ချပ်ဖြစ်ခဲ့တယ်။ကိုယ့်ဒဏ်ရာပေါ်ပတ်ပေးခဲ့တဲ့ မင်းဝတ်ရုံကအစလေးကို ကိုယ်အမြတ်တနိုးသိမ်းထားမိခဲ့တယ်။

ကံကြမ္မာလိုမျိုး ငါ့ဆီဘယ်တော့မှ ထပ်မရှိနိုင်တော့ဘူး။အကြာကြီးအထီးကျန်ခဲ့တော့ အသားကျနေခဲ့ပြီး မင်းကိုမတွေ့ခင်အထိ နှလုံးသားကအေးစက်နေခဲ့တယ်။

မင်းရဲ့နူးညံ့မှုကသာ ဒီအဆုံးမဲ့အေးစက်မှုကနေ ကိုယ့်ကို ကယ်တင်နိုင်ခဲ့တယ်။

ချန်ဖေးယွီသည် လူကြီးများ၏ နန်းတွင်တိုက်ပွဲများကြားတွင် အသက်အရွယ်နှင့်မမျှအောင်ရုန်းကန်ခဲ့ရခြင်းကြောင့် မိစ္ဆာအတွင်းစိတ်ထွက်ပေါ်လာခဲ့သည်။ထိုစိတ်ခွဲသည် အစပိုင်း၌ သူ့အားအခြားမင်းသားငယ်များအနိုင်ကျင့်ခံရချိန်တိုင်းပေါ်လာတက်ပြီး သူ့ကိုကယ်တင်ပေးလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုအတွင်းစိတ်စိုးမိုးချိန်ကပို၍များလာခဲ့ပြီး သူသည်ညအချိန်ခဏသာ ပြန်လည်ထွက်ပေါ်ခွင့်ရခဲ့သည်။

ထိုမိစ္ဆာအတွင်းစိတ်ထွက်ပေါ်လာချိန်တွင် သူသည်အကျယ်ချုပ်ကျခံနေရသည့်သူကဲ့သို့ လှုပ်ရှားမရခဲ့သော်လည်း ထိုသူ(မိစ္ဆာအတွင်းစိတ်)ပြုလုပ်သမျှအား မြင်နေရသည်။သို့သော် သူပြန်လည်ထွက်ပေါ်လာချိန် ညအခါလှုပ်ရှားသမျှကိုတော့ ထိုစိတ်ကမသိရှိပေ။

Dandelion ||History||Donde viven las historias. Descúbrelo ahora