Scroll down for zawgyi code users
Chen feiyu + Luo Yunxi
{By Emily} 2023ဖယောင်းတိုင်မီးဟာ ကြာရှည်မခံပေမဲ့၊ စောင့်မျှော်ခဲ့ရသည့် နေ့များကကြာညောင်းလှသည်။
အဲ့ဒီနေ့က အရှင့်ကိုနောက်ဆုံးမြင်လိုက်ရချိန်ကပင် အတော်ကြာခဲ့ပြီဖြစ်သည်။အရှင့်အကြောင်းတွေးမိတိုင်း ထိန်းချုပ်ခြင်းမဲ့နေတဲ့ သူ့ရဲ့လက်ချောင်းတွေက ကိုယ်ပိုင်နှုတ်ခမ်းပါးကိုပဲဖွဖွလေးထိမိပြန်တယ်။နောက်ပြီးရင်လည်း ကိုယ်တိုင်ပဲ ရှက်ရွံ့ရပြန်သည်။
"သခင်လေး မိန်မိန်နဲ့အတူ dandelionပန်းတွေကို သွားမကြည့်ချင်ဘူးလား။သခင်လေး အဆောင်တော်ထဲမှာပဲနေနေတာ ရက်အတော်ကြာနေပြီမို့ အပြင်လေလေးရှူသင့်ပါတယ်"
သူ့ကိုစိုးရိမ်နေပုံရတဲ့ မိန်မိန်ရဲ့အကြံပေးချက်ကိုလက်ခံပြီး ယွင်ရှီးက ရှောင်ဟွားနဲ့အတူ ယားထိုနှစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့တယ်။
ရာသီဥတုက အနည်းငယ်အုပ်မှိုင်းနေပြီး ကောင်းကင်ညိုရောင်အောက်က အဖြူရောင် dandelionခင်းကြီးက မျက်စိပဒေသရှိလှသည်။ စစ်သူကြီးချန်သိမ်းပိုက်ခဲ့တဲ့ နိုင်ငံငယ်လေးကနေ ဒီပန်းတွေကိုတွေ့ရှိခဲ့တာဖြစ်သည်။ဥာဏ်များတဲ့တော်ဝင်ဖခင်က သားတော်သိမ်းပိုက်ခဲ့တဲ့နိုင်ငံတစ်ခုကိုဝမ်းမြောက်စွာပဲ သူ့ရဲ့လက်အောက်ကိုထည့်ခဲ့ပြီး သားတော်ကိုတော့ပန်းစေ့များနဲ့သာ နယ်စပ်ကိုစေလွှတ်ခဲ့တယ်။
သိသိသာသာကိုနယ်နှင်ခဲ့သည်ဆိုပေမဲ့လည်း အမန့်ကြေငြာစာမထုတ်ခဲ့ယုံပါပဲ။ဟန်ဘုရင်က မြစ်ကိုကူးပြီးနောက်မှာတံတားကိုဖြတ်ခဲ့သော်လည်း ဆန့်ကျင်မဲ့သူမည်သူမှမရှိခဲ့ပေ။
"သခင်လေး အဲ့ပန်းလေးကို လေထဲမှုတ်ပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့..."
မိန်မိန်က တစ်ပွင့်ခူးကာ ယွင်ရှီးလက်ထဲထည့်ပေးလို့လာသည်။ပုံမှန်နေ့များတွင် ဤအရာကကလေးဆန်သည်ဟုဆိုကာ ငြင်းဆိုလိမ့်မည်ဖြစ်သော်လည်း ယခုအချိန်တွင်သူ၏ရင်ထဲ၌ဆန္ဒတစ်ခုရှိနေခဲ့သည်။
ယွင်ရှီးက မျက်လုံးလေးအသာမှိတ်ကာ ဝတ်စံတို့ကိုခပ်ပြင်းပြင်မှုတ်ကာ ဆုတောင်းလိုက်မိသည်။
YOU ARE READING
Dandelion ||History||
FanfictionOf all the lies I've heard 'I love you' was my favorite.