||11||

211 26 3
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2023

မြေပြင်ပေါ်တွင် အလောင်းများပြန့်ကျဲနေခဲ့သည်။အဖြူရောင်မြေသားတို့ဖုံးလွှမ်းခဲ့ဖူးသော ဤ​နေရာသည်ယခုတော့အနီရောင့်ရင့်ရင့်ကူးပြောင်းခဲ့လေပြီ..။
လေထုကပင် သွေးရနံ့တို့စွန်းထင်းနေခဲ့သည်။
တောင်စောင်းပေါ်က တစ်ဝက်ကျော်ကျော်သာကျန်ခဲ့သော တစ်လွင့်လွင့်လှုပ်ခက်နေသည့် တစ်ခုထဲသောအလံငယ်က နယ်စပ်မြို့လေးမှစစ်သူကြီးချန်၏ ဂုဏ်ယူဖွယ်ရာတပ်အလံဖြစ်သည်..။

မြေပြင်ပေါ်တွင်အသက်မဲ့နေခဲ့သော တပ်သားငယ်လေးများ၏ သက်ဆိုင်သူများက မျှော်လင့ချက်များဆုပ်ကိုင်လျက် နယ်စပ်မြို့လေးတွင်စောင့်မျှော်နေကြလိမ့်မည်..။
ဤနေရာနှင့်မသက်ဆိုင်သော အဖြူရောင်အင်္ကျီနှင့်သန့်ရှင်းစင်ကျယ်သည့် သေးသွယ်သောပုံရိပ်လေးက ခြေဗလာနှင့် ဤနေရာအားလျှောက်လှမ်းလာခဲ့သည်..။

အကြင်သူသည် တစ်စုံတစ်ဦးအားအပူတပြင်းရှာဖွေနေပုံပေါ်သည်။တုန်ရီနေသောနှုတ်ခမ်းပါးတစ်စုံနှင့်မျက်ရည်မကျအောင်တင်းခံထားသော မျက်ဝန်းရဲရဲလေးတို့က ထိုသူ၏ကြောက်ရွံ့မှုကိုဖော်ပြလို့နေသည်..။
အဖြူရောင်အင်္ကျီအနားစတို့က လေနဲ့အတူလွင့်မျောနေခဲ့သည်။

လော်ယွင်းရှီက မြေပြင်ပေါ်မှအလောင်းများကို အယောက်စေ့ စစ်ဆေးကြည့်ရှူ့နေခဲ့သည်။အရှင့်ရဲ့အနောက်မှာအမြဲရှိနေခဲ့တဲ့ တပ်သားငယ်လေးတွေ၊သူတို့ကြိုဆိုရန်ရောက်လာခဲ့သည့် တပ်သားတွေ..အားလုံးက အလွယ်တကူမှတ်မိရန်ခက်ခဲလွန်းခဲ့ပြီး သွေးများစွန်းပေးနေခဲ့သည်။ခေါင်းနဲ့ကိုယ်ဝေးကွာနေသည့် တပ်သားလေးများအားကြည့်လို့ ပို၍ကြောက်ရွံ့တုန်လှုပ်လာမိသည်..။

အရှင်....
သူ့ရဲ့အရှင်ကိုရှာ၍မတွေ့ခဲ့သေးပါ။သူက ရူးမိုက်စွာနဲ့ပဲ ဤအရပ်မှာဦးဆောင်သူအရှင့်ကိုရှိမနေစေချင်ခဲ့ပါ..။ဗလာကျင်းနေသောခြေဖဝါးနှစ်ဖက်နှင့်အဖြူရောင်အင်္ကျီတို့ပင် သွေးများစွန်းထင်လာခဲ့ပြီဖြစ်သည်...။

ယွင်းရှီက တောင်ဇောင်းမှရင်းနှီနေသည့်ပုံရိပ်ကြောင့် မသိစိတ်မှခြေလှမ်းများရပ်လိုက်မိသည်။အမှန်တရားအား ရင်မဆိုင်ချင်ခဲ့ပါ။
နှလုံးသားက အကြောက်တရားကြောင့် ပြင်းထန်စွာခုန်လှုပ်လာခဲ့သည်။
ခြေလှမ်းများက နှေးကွေးသော်လည်း ထိုလူအနားသို့ယွင်းရှီရောက်ရှိခဲ့ပါသည်..။

Dandelion ||History||Donde viven las historias. Descúbrelo ahora