||8||

222 27 3
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2023

မိုးသားတို့က ကောင်းကင်ထက် အုံ့မှိုင်းလို့နေသည်။တစ်စုံတစ်ယောက်၏ခံစားချက်အား တစ်ဖက်တစ်လမ်းကဖော်ပြနေပုံပေါ်သည်။

လော်ယွင်ရှီးသည် အဆောင်တော်အပြင်ဖက်အား အခါခါခေါင်းမော့ကြည့်လို့ တစ်စုံတစ်ဦးအားစောင့်မျှော်လို့နေခဲ့သည်။မျှော်သာမျှော် ပေါ်မလာသူကြောင့်ရင်မောရပါသည်။

ညအချိန်တိတ်တိတ်လေး ရောက်လာတက်ပြီး ရင်ခွင်ထဲထည့်အိပ်တက်သူ၊ပုံမှန်လာရောက်၍ ထမင်းသုံးနပ်အတူစားပေးသူကြောင့် နွေးထွေးခဲ့ရပါသည်။တစ်ဖက်ကမ္ဘာမှ ရည်းစားဦးအပေါ်တွင် မခံစားခဲ့ရသောခံစားချက်များနှင့်ပိုင်ဆိုင်ချင်စိတ်များကြောင့် မိမိကိုယ်ကို ဖြေသိမ့်ကာ ခံစားချက်များအား ဖုံးကွယ်ခဲ့သည်။

တတိယမင်းသားအပေါ်သို့ ယွင်ရှီးကစိတ်တို့ ယိမ်းယိုင်ကာမှ တတိယမင်းသားသည် အကွာအဝေးတစ်ခု၌ရပ်တန့်သွားသည်။

ညအချိန်တွင် ထိုသူရောက်မလာခဲ့သည်မှာ ၃ရက်တိတိရှိပြီဖြစ်ပြီး ၊ထမင်းအတူစားရန်ရောက်မလာသည်မှာလည်း ၄ရက်ကြာခဲ့ပြီဖြစ်သည်။ထိုသူသည် ကိုယ်လုပ်တော်များ များပြားလှပေသည်။မိမိလို ယောကျ်ားတစ်ယောက်က မင်းသားပြန်ချစ်လာရန် ကြိုးစားနိုင်မှာမဟုတ်ကြောင်း မိမိကိုယ်ကို သတိပေး၍ တိတ်တဆိတ်သာမျက်ရည်ကျမိတော့သည်။

"ဝမ်ဖေးကို ရှောင်ဟွားလျှောက်တင်စရာရှိပါတယ်..."

မျက်နှာသိပ်မကောင်းတဲ့ ရှောင်ဟွားက သူ့ရှေ့ရောက်လာတယ်။သူခွင့်ပြုလိုက်နဲ့သက်ပြင်းလေးအသာချသည်။

"စစ်သူကြီးချန် တောလိုက်ထွက်ရင်း လွန်ခဲ့၄ရက်က ဒဏ်ရာရလာပါတယ်တဲ့ ဝမ်ဖေး၊ဒဏ်ရာကလည်း နည်းနည်းများတယ်လို့ပြောပါတယ်..."

ယွင်ရှီး ထိပ်လန့်မှုကြောင့် ထိုင်နေရာမှအလျင်အမြန်ထရပ်လိုက်မိသည်။

"စစ်သူကြီးချန်က ဘယ်သူ့ကိုမှ အတွေ့မခံပါဘူး.."

ရှောင်ဟွားက ဝမ်ဖေးအား သနားသဖြင့်မျက်ဝန်းများဖြင့်မျှော်ကြည့်လာသည်။
ဘယ်သူကိုမှ ဆိုသည့်အဓိပ္ပါယ်သည် တတိယမင်းသား၏ကိုယ်လုပ်တော်များကို ဆိုလိုခြင်းဖြစ်ကြောင်း ယွင်ရှီးနားလည်ပါသည်။ယွင်ရှီး မျက်နှာလေးညိုးကျလို့သွားသည်။

Dandelion ||History||Donde viven las historias. Descúbrelo ahora