||7||

275 34 9
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2022

မှောင်မိုက်သောညသည် ဖြူလွှသောနှင်းလွှာတို့အား ကျဆင်းစေလျက် အေးစက်မှုအားပံ့ပိုးပေးနေသည်။မြို့တော်၏လမ်းမများတွင် သစ်လွင်သောအဝတ်အစားများဝတ်၍ ပြုံးပျော်နေကြသူများသည် မီးပုံးပွဲတော်အား တက်ကြွစွာဆင်နွှဲနေကြသည်။အနီရောင်မီးပုံးများကြားတွင် လက်ခြင်းတွဲကာချစ်ကြည်နူးနေသော စုံတွဲများနှင့်ပျော်မြူးနေသည့် မိသားစုများကပွဲတော်၏အငွေ့အသက်အား ပို၍တက်ကြွစေသည်။

မြို့တော်၏လမ်းမများနှင့်ဆန့်ကျင်ကာ လမ်းသွယ်များက ခြောက်သွေ့ကာတိတ်ဆိတ်လို့နေသည်။အတိအကျရှင်းလင်းထားခြင်းမရှိသော  မြေပြင်ပေါ်ရှီနှင်းထုထဲတွင် ရှုန်းကန်ကာလျှောက်လှန်းနေသူနှစ်ဦးသည် အားအင်ချိနဲ့နေဟန်တူသည်။နှစ်ဦးစလုံး၏အဝတ်များသည် ပါးလွှာကာ၊ညစ်ပတ်ပေရေနေသော်လည်း ငယ်ရွယ်ကာနုပျိုနေသည့်မျက်နှာလေးတို့က တောက်ပလို့နေသည်။

"မိန်မိန် ဗိုက်ဆာနေပြီလား "

နုနယ်သည့်အမျိုးသားငယ်လေး၏ အသံသည် ချမ်းအေးမှုကြောင့်တုန်ရီလို့နေသည်။ငယ်ရွယ်သည့်အမျိုးသမီးလေးက သူမသခင်လေးရဲ့စကားကိုကြားတဲ့အခါ တုန်နေသည့်နှုတ်ခမ်းများကို ကြိုးစားပြုံးလိုက်ပြီးခေါင်းခါပြသည်။

"မိန်မိန် မဆာပါဘူး သခင်လေး၊သခင်လေးကသာ..."

ညိုးငယ်သွားသည့်မျက်နှာလေးနှင့် မိန်းမငယ်လေးက လွန်ခဲ့သောအဖြစ်အပျက်ကိုပြန်လည်တွေးမိပြီး၊ မျက်လုံးထောင့်များနီကာ ဒေါသထွက်လို့လာသည်။
အဲ့ဒီ အမြှောင်မယားနဲ့သားတွေသာ သူမ သခင်လေးရဲ့သေးငယ်သောဝေစုဖြစ်တဲ့ ပိုင်မုန့်လေးအား မြေကြီးပေါ်ပြစ်မချခဲ့လျင် ယခုလိုသူမသခင်လေး ဆာလောင်ရမည်မဟုတ်ပေ။

မိန်မိန်က သူမရှေ့မှ ယိုင်နဲ့နဲ့လျှောက်နေသည့် သေးငယ်သောကျောပြင်လေးအားကြည့်ကာ ဝမ်းနည်းခြင်းကြောင့် အံကြိတ်လိုက်မိသည်။
အိမ်တော်ရဲ့သခင်မကြီးသေဆုံးပြီးနောက်တွင် အတော်ကြာသတိမေ့မြောသွားခဲ့သည့် သခင်လေးသည် ပြန်လည်သတိရချိန်၌ အရင်ထက်ငြိမ်သက်သွားခဲ့သည်။မတိုင်ခင်ကပင် အိမ်တော်ထဲဝင်ရောက်လာသည့် အမြှောင်မယားနှင့်သူ၏သား၂ဦးအား အလိုလိုက်ထားခြင်းကြောင့် သူမသခင်လေးဖြစ်သူ တိသားအား သခင်ကြီးက လျစ်လျူရှုကာ နှိပ်စက်ခွင့်ပေးထားခဲ့သည်။

Dandelion ||History||Where stories live. Discover now