||10||

228 27 5
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2023

ဆောင်းရာသီရဲ့ နှင်းပွင့်လေးတွေမှာတောင် ဘာကြောင့်များအလွမ်းတွေရှိနေရတာလဲ။
ညလေးက ဒုဒလီပန်းတွေကိုရှောင်ပြီး လမ်းသွားလမ်းလာတွေကို ကျီစယ်နေရဲ့။
တိတ်ဆိတ်၍ လူသူကင်းမဲ့နေသော ဒုဒလီပန်းခင်းကြီးရှေ့မှာ ရပ်နေသောပိန်ပါးသည့်ပုံရိပ်လေးသည် အထီးကျန်တစ္ဆေကဲ့သို့ သနားစဖွယ်ကောင်းလှသည်။

ထိုသူ၏အငွေ့အသက်များ၊သို့မဟုတ်ထိုသူနှင့် သက်ဆိုင်သည့် ပစ္စည်းများ၏ရက်ဝန်း၌ကျင်လည်ယုံသာအစွမ်းအစရှိခဲ့သည်။
ညစဥ်တိုင်းထိုသူက သူ၏စာရင်းထဲမှရက်အတိအကျလိုက်နာလို့ အယောက်စေ့နဲ့အိပ်ဆောင်ဝင်ခဲ့ကြောင်း သတင်းများပျံ့နှံ့လို့နေသည်။ထိုသူက ဖြေရှင်းချက်တစ်စုံတစ်ခုမလုပ်ခဲ့ပုံထောက်လျှင် အမှန်ပင် ဖြစ်လိမ့်မည်။
နှလုံးသားက နာကျင်စွာခုန်လို့နေသည်။

အိပ်ဆောင်အတူဝင်ခဲ့ပြီးသည့် ကိုယ်လုပ်တော်များက နောက်တစ်နေ့နေ့လည်တွင် ရှက်သွေးဖြာ၍သူ့အားလာရောက်ကျေးဇူးတင်မည်ဖြစ်သည်။ထို့အပြင် မိမိအတွက်ရက်ပင်မထည့်ဘဲ အနစ်နာခံသည့်ဝမ်ဖေးအား ချီးကျူးလို့ပြန်သွားကြမည်သာဖြစ်သည်။

နေ့ရက်များက ဤသို့သာလည်ပတ်နေခဲ့ပြီး၊နဂိုပိန်ပါးသည့် လော်ယွင်ရှီး၏ခန္ဓာကိုယ်လေးက အစားအသောက်မမှန်ခြင်းကြောင့် ပို၍အားနည်လာခဲ့သည်။

"ဝမ်ဖေး ညကပိုပြီးအေးလာပါပြီ၊ပြန်ကြရအောင်ပါ..."

"ရှောင်ဟွား....ဒုဒလီပန်းတွေက ဆုတောင်းမပြည့်ဘူးထင်တယ်...."

ရှောင်ဟွားက မျက်ရည်များဝဲနေသည့်မျက်ဝန်းတို့အား ခေါင်းငုံ့ကာဖုံးကွယ်လိုက်သည်။ဝမ်ဖေးက စစ်သူကြီးအပေါ်တွင် မေတ္တာသက်ဝင်နေခဲ့မှန်း သူမရိပ်မိပါသည်။ဘာကြောင့်များ ဤလောက်ထိဖြစ်ပျက်သွားသလဲမသိသော်လည်း သူမရဲ့သခင်ကတော့အတော်လေးဝမ်းနည်းနေခဲ့ပါသည်။စစ်သူကြီးလည်း ဝမ်ဖေးကိုနှစ်သက်လောက်မည်ဟု ထင်ခဲ့မိသည့်သူမသာ မှားယွင်းဆုံးဖြတ်မိသည်ထင်ပါသည်။

ဝမ်ဖေးက ကိုယ်လုပ်တော်များရောက်မလာခင်အထိ အစာမစားဘဲစောင့်နေတက်သည်။ဝမ်ဖေး၏ပုံအားကြည့်ရသည်မှာ နောက်တစ်ယောက်ထပ်မရောက်လာရန် မျှော်လင့်နေပုံရသည်။သို့ပါသော်လည်း မွန်းလွှဲချိန်၌ရောက်လာသည့် ကိုယ်လုပ်တော်၏စကားများ ကြားပြီးလျှင် တိတ်တိတ်​လေး မျက်ရည်များကျဆင်းလာပြီး၊ငြိမ်သက်သွားလိမ့်မည်ဖြစ်သည်။ထို့နောက်တွင် ဖျော့ဖျော့လေးပြုံးလို့ အိပ်ယာပေါ်မှာ ငြိမ်သက်စွာသွားလှဲနေမည်ဖြစ်သည်။သူတို့အစေခံတစ်သိုက် အတင်းအကျပ်ကျွေးခြင်းကြောင့်သာ တစ်နေ့တစ်နပ်ထမင်းစားသည်မှလွဲလို့ မည်သည်မှထပ်မစားတော့ပေ။

Dandelion ||History||Tempat cerita menjadi hidup. Temukan sekarang