Intro

2.5K 53 22
                                    

Unicode

💔တကယ်ချစ်လို့ ရူးခဲ့သည်💔

Intro

Mew Suppasit(31)

ကျွန်တော့်နာမည်ကို သူငယ်ချင်းတွေ
ခေါ်တဲ့နာမည်ပြောင်က မုန်တိုင်းတဲ့ဒေါသကြီးတတ်တဲ့လူ အချစ်အရမ်းကြီးတယ် လိုချင်တာဆိုမရရအောင်ယူရမယ်လို့ပြောထားတဲ့မာမီ့စကားကြောင့် Mewလိုချင်တာဆို ရှေ့နောက်မစဥ်းစားဘဲလုပ်တတ်တယ် ဒယ်ဒီက ကျွန်တော် ၈နှစ်လောက်မှာနောက်မိန်းမတစ်ယောက်နဲ့လိုက်ပြေးသွားတာအခုချိန်ထိကို ပြန်ရောက်မလာခဲ့ပါဘူး မာမီကအဲ့ဒီအချိန်ထဲက သီးသန့်တစ်ဦးတည်းနေတတ်ခဲ့သလို သူ့အပေါ်ကိုလည်းလွှမ်းမိုးချုပ်ကိုင်တတ်ပါတယ်မာမီရဲ့တစ်ယောက်
ယောက်ကိုချစ်ရင်အမိအရဖမ်းဆုပ်ထားရမယ်ဆိုတဲ့အတ္တကြီးတဲ့စိတ်ကိုပါသင်ယူခိုင်းခဲ့ပါတယ် တစ်နေ့မှာအချစ်တွေကိုမေ့ပြီးနေရာက ကောင်လေးတစ်ယောက်ကိုတွေ့သွားပြီးနောက်မှာတော့ ဆုံးရှုံးမှာကိုကြောက်တဲ့စိတ် မာမီပြောထားတဲ့စကားအတိုင်းကျင့်သုံးခဲ့မိတာ ကျွန်တော်ချစ်ရတဲ့ချစ်သူကိုဆုံးရှုံး
လိုက်ရတဲ့အခါ သေလောက်အောင်ရူးခဲ့ရပါတယ်။

Gulf Kanawut(25)

ကျွန်တော့်နာမည် Gulf Kanawut ငယ်ငယ်ထဲက နှလုံးရောဂါသမားမို့ကျောင်းပြီးသွား
တဲ့အခါ အိမ်မှာပဲနေပြီးဘေးအိမ်က ကလေးတွေကို စာသင်ပေးတဲ့အလုပ်ကိုသာလုပ်ခဲ့ပါတယ် ကံကြမ္မာဆိုတာကဆန်းကြယ်သား တစ်ခါမှအပြင်ကိုမသွားဘူးတဲ့သူ တစ်ခါဆိုတစ်ခါလောက်အပြင်ကိုသွားမိတာ လူတစ်ယောက်ရဲ့အကြည့်စူးစူးတို့နဲ့ရင်ဆိုင်ခဲ့ရပါတော့တယ် ကျွန်တော်သူ့ကိုကြောက်တယ် မချစ်ရဲဘူး သူချစ်တာကိုမခံစားမိဘူး ကျွန်တော်တို့ချစ်သူမဖြစ်ခင်ရောဖြစ်ပြီးတဲ့အချိန်ရော အရမ်းချုပ်ချယ်သလို ကျွန်တော့ကိုလက်လွှတ်ဆုံးရှုံးရမှာကြောက်တဲ့အချက်ကြောင့်နဲ့ချုပ်ချယ်တာထက်ဆိုးတဲ့အဖြစ်တွေကိုပါလုပ်လာတော့ ကျွန်တော်သူ့ဘေးနားကဝေးရာကိုပြေးထွက်ခဲ့မိပါတယ် ပြေးတယ် ပြေးတယ် ဟိုးအဝေးထိပေါ့......

တစ်ယူသန်အချစ်ကြီးသမားလေးMewနဲ့
နှလုံးရောဂါသည်Gulfလေးတို့ရဲ့အချစ်ရေးဘယ်လိုဆက်ဖြစ်မလဲ HeလားSeလားဆိုတာ ဒါဒါတို့ခန့်မှန်းကြမယ်မလား။

#SY

💔တကယ်ချစ်လို့ ရူးခဲ့သည်💔Unicode/Zawgyi (Complete) Where stories live. Discover now