Zawgyi
တခါတလေ ဘဝကြီးမှာ လိုတမရ ရတာမလိုဖြစ်တတ်ပါတယ်။ကံကြမ္မာကပဲ လိုတာမရအောင် ဖန်ဆင်းလေသလား။လူတေကပဲ ရတာမလိုသလား။ဒါကတော့ ကိုယ်တိုင်သာ သိကြလေတော့မည်။စိုင်းခက်ယျာတို့ မောင်နှမသည်လည်း ငယ်စဉ်ကတည်းက မိဘ၂ပါးဆုံးပါးသွားသည့်အတွက် မိဘမဲ့ဖြစ်ခဲ့ကြရသည်။ အမကြီးအမိရာ ဆိုသလို စိုင်းခက်ယျာ၏အမ နန်းခက်လျာသည် မောင်ဖြစ်သူအပေါ် အမေလိုသဖွယ် ဂရုစိုက်ကာ အဖေလိုသဖွယ်
ကာကွယ်ပေးခဲ့သည်။မိဘများ ဆုံးပါးသွားစဉ်အချိန်က
မိမိမှာ အပျိုဖော်ဝင်စ ၁၅နှစ်အရွယ်ဖြစ်၍ မောင်ငယ်မှာ ၁၁နှစ်ခန့်ဖြစ်သည်။စီးပွားရေးမှာလည်း အဆင်မပြေ၍ ကျောင်းထွက်ကာ မိဘကျန်ခဲ့သည့် လယ်ယာများကို ကြိုးပမ်းလုပ်ကိုင်ခဲ့သည်။မောင်ငယ်လေးကိုလည်း ၁၀တန်းအောင်မြင်အောင် ထားပေးနိုင်ခဲ့သည်။မြို့တက်၍ တက္ကသိုလ်ဆက်တက်ခိုင်းသော်လည်း အမနှင့်သာ နေလိုကြောင်း
ပြေးကြည့်လျှင် ဒီမောင်နှမ၂ယောက်သာ ရှိတာကြောင့် ခွဲ၍မသွားလိုကြောင်း ပြောခဲ့သည်။သို့ဖြစ်၍ မိမိတို့မောင်နှမ၂ယောက်မှာ ရွာတွင်သာ စီးပွားရေးကို ဇောက်ချလုပ်ခဲ့
ကြသည်။"ဟော မောင်လေးတောင် ပြန်လာပီ မမ ဟင်းနွေးနေတာ
မောင်လေးပြန်လာရင် စားရအောင် ဒီနေ့စောတယ်နော်
ပုံမှန်ဆို ၁၀နာရီခွဲလောက်မှ ပြန်ရောက်တာမလား
စောစောပြန်ရောက်တော့လဲ မမ စိတ်မပူရတာပေါ့ကွယ်"
"မမရယ် မောင်လေးလဲ အရွယ်ရောက်နေပါပီနော်
နှစ်ကုန်ရင် ၁၈နှစ်ပြည့်တော့မှာပါဗျ"
"အမလေး မမမျက်လုံးထဲတော့လေ ငမောင်က ခလေး
လေးပဲကွဲ့ ည မှောင်တော့ လုယှက်မှာတေ စိုးရတာပေါ့
ကွယ် "
"စိတ်မပူပါနဲ့ မမရယ် ဒါဆိုမောင်လေး ခြေလက်သွားဆေး
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...