Zawgyi
နေ့ရက်များသည် ပုံမှန်အတိုင်း လည်ပတ်နေသည်။
ယနေ့တွင်လည်း စိုင်းခက်တို့ စာသင်ကျောင်းလေးသည်
ညနေကျောင်းဆင်းချိန်လေးသို့ ရောက်ရှိခဲ့သည်။"ဆရာစိုင်းခက်ရေ ဒီနေ့ ကျတော်ရွာထဲသွားစရာရှိလို့
ဆရာနဲ့လမ်းကြုံလိုက်ခဲ့အုံးမယ်နော့။"
""ရပါတယ် ဆရာစောမွန်ရဲ့။ကျတော်လဲ အဖော်ရ
တာပေါ့။"
စိုင်းခက်တို့ ဆရာ၂ယောက် ရွာထဲသို့ ဦးတည်လာခဲ့ကြ
သည်။လမ်းအချိုးတနေရာ အရောက်တွင် စိုင်းခက်တို့ဆီ
လမ်းလျှောက်လာသော လူငယ်၃ဦး။လက်ထဲတွင်လည်း
တုတ်ကိုယ်စီဖြင့်။"ဒီမှာ ခင်ဗျားတို့၂ယောက်မှာ ဘယ်သူက ဇွဲထက်မောင်ရဲ့
ယောင်္ကျားလဲ။""မောင့်ယောင်္ကျားက ကျတော်ပဲ။ဘာကိစ္စရှိလို့လဲ။"
စိုင်းထက် ထိုသို့ ပြောပြီးနောက် ထိုလူငယ်၃ဦးက
စိုင်းခက်ကို ဝိုင်းကာ တုတ်များဖြင့် ရိုက်နှက်တော့သည်။
ဆရာစောမွန်လည်း စိုင်းခက်ကို ဝိုင်းရိုက်နေသူများကို
တွေ့ရာ အုတ်ခဲကောက်ကိုင်ကာ ပြန်ချတော့သည်။
ဤသို့ဖြင့် လုံးထွေးနေကြရာ ရွာမှလူများသည်လည်း
ဆရာတို့ကိုမြင်၍ ဝင်ရောက်ကူကြရာ ထိုလူငယ်၃ဦးအား
ဖမ်းမိသွားသည်။သို့သော်လည်း စိုင်းခက်မှာ သတိမေ့နေ
ပြီဖြစ်သည်။ခေါင်းမှ သွေးများမှာလည်း အဆက်မပြတ်
ထွက်နေသည်။ရွာသားများ စိုင်းခက်ကို ဝိုင်းမကာ ရွာဆေးခန်းသို့ အမြန်သွားကြတော့သည်။ခုချိန်တွင်တော့ ရွာဆေးခန်းတွင်းရှိ ကုတင်လေးတွင်
ပတ်တီးအဖွေးသားဖြင့် လဲလျောင်းနေသော စိုင်းခက်ယျာ။
စိုက်ခက်ယျာသည် ခုထိ သတိမရသေးပေ။ကုတင်ဘေးတွင်တော့ ဘတင်မောင်တို့ ဝိုင်းစောင့်ပေးနေကြသည်။
ထိုအချိန်တွင် ဆေးခန်းအတွင်းတို့ အပြေးဝင်လာသော
ဇွဲထက်မောင်။စိုင်းခက်ယျာကုတင်ရှိရာသို့ ဦးတည်လာနေသည်။စိုင်းခက်ယျာကို တစ်ချက်ကြည့်ပြီးနောက်
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Любовные романыအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...