Zawgyi
မနက်ခင်းပိုင်းသို့ ရောက်လာသည်နှင့် ဇွဲထက်တို့
သားဖ၃ယောက် ရေမိုးချိုး ပြင်ဆင်ကြသည်။စိုင်းခက်
သည်လည်း သားတို့အတွက် ထမင်းချိုင့်များပြင်ဆင်ပေး
ဖြင်းဖြင့် အလုပ်ရှုပ်နေသည်။"ကဲ သားအဖလေးယောက် မပြီးကြသေးဘူးလားဗျို့။"
အပြင်ဘက်တန်းလျားတွင် ထိုင်ကာအော်ပြောနေသော
စိုင်းဆိုင်ရယ်ပါ။မကြာမီ အိမ်ထဲမှ သားအဖတေ ထွက်လာကြသည်။
ခလေးများသည်လည်း အဖြူနဲ့အစိမ်းလေးကို သပ်သပ်ရပ်ရပ်ဝတ်ကာ သနပ်ခါးအဖွေးသားဖြင့် အတော်ပင် ချစ်စရာ
ကောင်းနေကြသည်။စိုင်းခက်သည်လည်း ကျောင်းဆရာပီပီ သပ်သပ်ရပ်ရပ်ဖြင့် ကျက်သရေရှိလှသည်။ကျက်သရေမရှိသည်က ဟိုကောင်ဇွဲထက်။ဆံပင်ဘုတ်သိုက်
အိင်္ကျီပွ ဘောင်းဘီအတိုနှင့် ဒင်းက ဟိုလိုလို ဒီလိုလိုပင်။ထိုအချိန် မိမိနား ရောက်လာသော ဇွဲထက်တို့။
"ဟျောင့် စိုင်းဆိုင် ငါတို့ကို ကြည့်ပြီး အားကျနေတာလား။
ဟက် faတေများ သနားစရာပါလားကွာ။"
"အံမယ် အဲ့လိုပွတ်သီးပွတ်သပ်တေ မနေချင်လို့ ကိုယ်တို့
က ကောင်မလေးက အဖြေပေးမယ်ဆိုတာတောင် မယူ
သေးဘူး ပြောထားတာ"
"ဟား.ဟား စောက်ပိုတေ ပြောမနေနဲ့ ဟိုကဖြင့် သူ့ကို
လှည့်တောင် မကြည့်ဘဲနဲ့များ အံ့ပ"
"ကဲ သူငယ်ချင်း၂ယောက် စကားနိုင်လုမနေပါနဲ့တော့။
ခလေးတေ ကျောင်းနောက်ကျမယ်။မြန်မြန်လျှောက်ကြစို့"
"စိုင်းခက်ရယ် မောင်လည်း အဲ့လိုကောင်မျိုးနဲ့ စကားနိုင်
မလုချင်ပါဘူး"
"အံမယ် ...."
မဲ့ရွဲ့ပြနေသော စိုင်းဆိုင်ကို မသိချင်ယောင်ဆောင်
ဇွဲထက် သားတို့ကို မှာတမ်းခြွေတော့သည်။
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...