Zawgyi
မင်္ဂလာပွဲသည် အတော့်ပင် စည်သည်ဟု ပြောရမည်။
စည်သည်ဆို ရွာဝိုင်းမှ အဖွဲ့တော်တော်များများ
လာရောက်သောကြောင့်ဖြစ်သည်။သူကြီးသည်တော့
မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်
ရွာ၏ချဉ်ပတ်များ ၊ရွာဇော်များအပြင် တပြင့်ရွာမှ လူမိုက်
ခေါင်းဆောင်များ မိမိသမီး မင်္ဂလာပွဲသို့ ရောက်ရှိနေခြင်း
ကြောင့် ဖြစ်သည်။သို့သော်လည်း ထင်သလိုရန်မဖြစ်ကြပါ။ထမင်းဝိုင်းကို
ဟင်းများ ထည့်ပေးသူကထည့်၊ ထမင်းတောင်းကိုင်သူက
ကိုင်ဖြင့် ပွဲလာသူများကို ဧည့်ဝတ်ကျေပွန်ကြသည်။
တစ်ဦးနှင့် တစ်ဦး စကြနောက်ကြဖြင့် ဤပွဲလေးမှာ
ရွာတွင် အစည်ဆုံးပွဲလေး ဖြစ်ခဲ့သည်။ဇွဲထက်တို့ မင်္ဂလာပွဲသို့ ရောက်သောအခါ ရွာဝိုင်းမှ
အဖွဲ့များကို နှုတ်ဆက်ကာ ဆရာစောမွန်တို့ ထမင်းဝိုင်း
တွင် ထိုင်ကြသည်။ဟန်သာတို့သည်လည်း ဆရာစောမွန်
တို့ ဝိုင်းတွင် ထိုင်နေကြသည်။"အကိုရေ ကျတော့်ကို လိုက်ပွဲတစ်ပွဲလောက်ဗျ။"
"သက်ထွန်း မင်းမြို့မှာ ထမင်းမစားရဘူးလား။"
"ဟာ ဇွဲထက်ရာ မင်းတို့ရွာက ထမင်းဟင်းက စားကောင်း
လို့ ထပ်ယူတာပါကွ။မင်းကျွေးရတာလဲ မဟုတ်ပဲနဲ့
တွန့်တိုမနေစမ်းပါနဲ့။"
ဇွဲထက်မောင် သက်ထွန်းကို မျက်စောင်းထိုးကာ စိုင်းခက်
ထည့်ပေးသော ထမင်းနှင့် ဟင်းများကို ငုံ့စားလိုက်သည်။
ကျန်သည့်သူများမှာလည်း မတည့်အတူနေ သူငယ်ချင်း၂
ယောက်ကို ကြည့်ကာ ပြုံးနေကြတော့သည်။ကိုရာစုတို့ မင်္ဂလာဇနီးမောင်နှံ၂ဦး ဇွဲထက်တို့ဝိုင်းသို့
လာရောက်ဧည့်ခံကြသည်။"ဇွဲထက်တို့ ထည့်စားကြကွာ။ဒါနဲ့ ဆရာစောမွန် စားပြီးရင်
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...