Zawgyi
ဇွဲထက်တစ်ယောက် အိပ်ပျော်နေရာက နိုးလာခဲ့သည်။
ရင်ခွင်ထဲက ကောင်ငယ်လေးကတော့ အိပ်ပျော်နေဆဲပင်။
ချောမောပြေပြစ်လှတဲ့ မျက်နှာထားမျိုးကို ပိုင်ဆိုင်
ထားတဲ့ ကောင်ငယ်လေးရဲ့ပါးကို ဇွဲထက် လက်များဖြင့်
ဖွဖွလေး ပွတ်သပ်နေမိသည်။(မောင့်ရဲ့ကောင်လေးဟာ ခမ်းခမ်းနားနားပါပဲ။
စိုင်းခက်ရဲ့ အသက်ရှူသံတွေကို
မောင်စွဲလမ်းတယ် စိုင်းခက်။စိုင်းခက်ရဲ့ နှုတ်ခမ်းဖျားက စကားလုံးတိုင်းကို
မောင်မလွန်ဆန်နိုင်တော့ဘူး...မို့မောက်တဲ့ ကြွက်သားတွေမရှိတာတောင်
စိုင်းခက်က မောင့်အတွက်တော့ ခိုလှုံဖို့
လုံလောက်တဲ့ ရပ်ဝန်းလေးပါ။မနက်ခင်းကနေ ညခင်းတွေထိ နိုးထတဲ့အချိန်နဲ့
မှေးစက်တဲ့ အချိန်တိုင်း စိုင်းခက်နမ်းမဲ့လူသားလေးဟာ
မောင်ပဲ ဖြစ်ချင်တယ်။မောင့်အတွက်တော့ အပိုင်ရနေပြီးဖြစ်တာတောင်
ထပ်ပြီး အပိုင်လိုချင်နေတဲ့ လူသားလေးဟာ
စိုင်းခက်ဆိုတဲ့ မောင့်နှလုံးသားလေးပါ။)ဇွဲထက် စိုင်းခက်မျက်နှာကို မျက်တောင်မခက်ကြည့်ကာ
ရင်ထဲမှ စကားသံများ ထွက်ပေါ်နေသည်။စိုင်းခက် မိမိပါးကို တစ်စုံတစ်ရာက ပွတ်သပ်နေသလို
ခံစားရသဖြင့် မျက်လုံးဖွင်ကြည့်လိုက်သည်။
မောင့်လက်လေးများ ဖြစ်နေသည့်အတွက် စိုင်းခက်ပြုံးမိ
သည်။"ဟိတ် ဘယ်သူ့အကြောင်းတွေးပြီး ပြုံးနေတာတုန်း
မှန်မှန်လိမ်နော်"
" ဟောဒီက စိုင်းခက်ဆိုတဲ့ မောင့်ယောင်္ကျားလေး
အကြောင်းပါဗျာ"
"ဟီး...."
"အယ် ကျေနပ်သွားပြီပေါ့လေ"
"အွန်း"
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...