Zawgyi
နေဝင်ရီသရောအချိန်တွင်တော့ ဇွဲထက်မောင်နဲ့
စိုင်းဆိုင် ၂ယောက်သား ရေဆွဲထွက်လာခဲ့ကြသည်။
ဤရွာကလေးသည် မြစ်အနီးတွင် တည်ရှိ၍ ဤမြစ်ကိုသာ
မှီခို၍ ရေသုံးစွဲကြသည်။မြစ်နံဘေးတွင်တော့ ဈေးဆိုင်များ စီတန်းကာ တည်ရှိနေလေသည်။ကမ်းကပ်လာသော
သင်္ဘောများမှ ဝယ်ယူစားသောက်ရန် အလွယ်တကူဖွင့်
လှစ်ထားသော ဆိုင်ငယ်လေးများ ဖြစ်ကြသည်။
ဇွဲထက်မောင်တို့လဲ ရေခပ်ရန် ဆိုင်များကို ဖြတ်သန်းလာကြသည်။စိုင်းဆိုင်တယောက်မှာ မသိသူမရှိ။ တွေ့သမျှ ရွာသူရွာသားများနှင့် နှုက်ဆက်ကာ ပါးစပ်နှင့်စကား ပြတ်သည်မရှိ။"ဝေ့ စိုင်းခက်ယျာ ဒီနေ့တော့ တစ်ယောက်ထဲရောင်းနေပါ
လားကွ မင်းမကြီး မပါဘူးလား"
"ဟုတ်တယ် ကိုစိုင်းဆိုင်ရေ မကြီးက အကြွေးကောက်သွားတယ်"
ဇွဲထက်မောင်တစ်ယောက် အသံလာရာဆီကြည့်လိုက်ရာ
ရင်ထဲမှ နှလုံးခုန်သံဟာ ခွေးလိုက်တဲ့အခါ ပြေးရင် ခုန်နေသလို မြန်လာသည်ကို သတိထားမိလိုက်သည်။(ဟမ် ငနှလုံးခုန်သံတေ မြန်လာပါလား နှလုံးအမော
ဖောက်ချင်တာလားဟ ဒါမဲ့ ငါက ငယ်ငယ်ရွယ်ရွယ်ရှိပါသေးတယ် ဧကန္တ ဒီကောင်လေးကြောင့်လား ကျစ် မဖစ်နိုင်တာ ဒီလို ဆံပင်ဂုတ်ဝဲကေနဲ့ ပဲအိုးထဲပြုတ်ကျထားသလို သနပ်ခါးနဲ့ကောင်ကို ငါက ရင်ခုန်စရာလား ပေါက်တီး
ပေါက်ရှာ အဲ့ကောင်က ငကို ဘာလို့စိုက်ကြည့်နေတာလဲဟ သမင်ဖြူရောဂါသည် မတွေ့ဖူးဘူးလား စိတ်ဓာတ်ပဲ)သူ့အတွေးနှင့်သူဟုတ်နေသော ဇွဲထက်မောင်မှာ ဘေးက စိုင်းဆိုင်အသံကြားမှ သတိဝင်လာသည်။
"အေးပါကွာ မကြီးကို မေးတယ်ပြောလိုက်အုံး"
"ဟုတ်ကဲ့"
"သွားပီဟေ့ လာ ဇွဲထက်မောင် ဟိုဘက်နားဆိုရောက်ပီ"
"အင်း"
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romansအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...