Zawgyi
"မင်္ဂလာပါ ဆရာ"
"မင်္ဂလာပါ ခလေးတို့ရေ ဆရာဒီနေ့ နဲနဲနောက်ကျသွား
တယ် ကဲ မြန်မာဖတ်စာ စာမျက်နှာ ၂၇ကို လှန်ကြမယ်"
စိုင်းခက် ဒဏ်ရာပျောက်ကင်းပြီဖြစ်၍ ယနေ့ ကျောင်းစသွားခဲ့သည်။နောက်ကျနေသော သင်ခန်းစာများကို
အချိန်ပိုယူကာ သင်ပေးဖြစ်ခဲ့သည်။နေ့လည်ထမင်းစားချိန်တွင်တော့ ဆရာစောမွန်နှင့် အတူ
နားနေခန်းထဲသို့ ဝင်လာသော လူငယ်တစ်စု။"ဆရာစိုင်းခက်ရေ မိတ်ဆက်ပေးရအုံးမယ်။ဒါက ကျတော်
တို့ရွာက ပြောင်းသွားတဲ့ ဦးဉာဏ်ရဲ့ သားငယ် ဟိန်းစေသူ
တဲ့။ဦးဉာဏ်တို့မိသားစုက နှစ်တိုင်း ကျောင်းမှာ လိုအပ်
တာတေ လာလှူနေကြဗျ။ဒီနှစ်တော့ ဦးဉာဏ်က မအား
လို့ သား၂ယောက်ကို လွှတ်လိုက်တာဗျ။သားကြီးဖြစ်
သူက ဟန်သာတဲ့။ကိစ္စလေးရှိလို့ ခနနေမှ ကျောင်းကို
လိုက်လာမှာဗျ။ခုတော့ ဟိန်းစေသူတို့ သူငယ်ချင်းအဖွဲ့က
အရင်အလည်အပတ်သဘောမျိုး ပါလာတာဗျ။"
"ဟုကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ကျတော်က
စိုင်းခက်ယျာပါ။ဒီကျောင်းက ကျောင်းဆရာပါ။"
"ဟုကဲ့ခင်ဗျ။ဒါဆို ကျတော်တို့ ကိုကြီးကို ဒီမှာ စောင့်လို့
ရလားဗျ။"
"ရတာပေါ့။ညီလေးတို့ ဒီစားပွဲမှာ ထိုင်းကြအုံးနော်"
"ဟုကဲ့ခဗျ" "ဟုကဲ့ခင်ဗျ"
ဟိန်းစေသူတို့အဖွဲ့ ထိုင်စောင့်နေကြတုန်း စိုင်းခက်တို့လည်း စာစစ်စရာရှိတာ စစ်နေကြသည်။ထိုအချိန်
တံခါးပေါက်မှ ထွက်ပေါ်လာသော အသံ"စိုင်းခက်"
မောင့်အသံဖြစ်သည်။စိုင်းခက်လည်း မောင့်ဆီသို့ ထလာခဲ့သည်။ကျန်သည့်သူများမှာ မောင့်ကိုသာ အာရုံစိုက်ကြနေ
ကြသည်။
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...