Zawgyi
ဒေါ်ထက်ထက် အခန်းထဲသို့ ဝင်ကာ သားရဲ့ ဘေးတွင်ဝင်
ထိုင်လိုက်သည်။"သားတို့ကို မြင်မှ မေမေတို့ ငယ်ငယ်တုန်းက အချိန်တေ
တောင် ပြန်သတိရသွားတယ်။မေမေ သားဖေဖေကို စိတ်
ဆိုးနေတော့လေ သားက သားဖေဖေကို လက်ဆွဲပီး
'ဖေဖေက တောင်းပန်ပါတယ်တဲ့ မေမေရယ် စိတ်ဆိုးပြေ
တော့ နော်'ဆိုပြီး မပီကလာ ပီကလာ ပြောတာလေး
လေ။"
ဒေါ်ထက်ထက် ထိုသို့ ပြောမှ ဇွဲထက် ပြုံးလာသည်။
"စိုင်းခက်ကို အလုပ်ထွက်ခိုင်းတော့မယ်"
အေးဆေးစွာပြောလာသော ဇွဲထက်မောင်။
"ဘာလို့လဲ သားရဲ့"
"ကျောင်းမှာ စိုင်းခက်ကို အရင်က ကြိုက်ခဲ့တဲ့
ကောင်မလေးကလဲ ဆရာမလုပ်နေတာ မေမေ။"
"အဲ့တော့ သားက သားစိုင်းကို စိတ်မချဘူးပေါ့။
တဂယ်တော့ သားက စိတ်မချတာ မဟုဘူး။သားစိုင်းလေး
ကို သားက မယုံကြည်ဖစ်နေတာပဲ။မေမေ ပြောပြ
မယ် သား။သားစိုင်းလေးက သားကိုချစ်လွန်းလို့. အရယူ
ထားတာလဲ သားသိတယ်။တဦးတည်းသော ဆွေမျိုးဖြစ်
တဲ့ အမကိုလဲ သားကြောင့် အဆက်သွယ်ဖြတ်ထားတယ်။
အဲ့တော့ သားစိုင်းလေး သားကို ဘယ်လောက်ချစ်တယ်
ဆိုတာ သားစဉ်းစားကြည့်။"
"သား သိပါတယ် မေမေ။"
"သိရင် သား သူ့ကို ယုံကြည်ပေးလိုက်ပါ။ဆက်ဆံရေး
တစ်ခုမှာ ယုံကြည်မှုက သိပ်အရေးပါတယ် သား။"
"ဟုကဲ့ပါ မေမေ"
"ကဲ အဒါဆို သားစိုင်းလေးနဲ့ စကားပြောလိုက်အုံး။
မေမေ ဘုရားဝတ်တက်လိုက်အုံးမယ်။"
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romansအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...