Zawgyi
Dနေ့ကတော့ ဇွဲထက်မောင်အတွက် first year exam နောက်ဆုံးနေ့လေးပေါ့။စာမေးပွဲမို့ မနက်စောစော ထမည်မထင်ပါနဲ့။ညကိုသာ မိုးချုပ်အောင်စာကြည့်နိုင်မယ်။မနက်တော့ စောစော မထနိုင်ပါ။စာမေးပွဲခန်းထဲတွင် လန်းလန်းဆန်းဆန်းဖြစ်နေအောင် ဇွဲထက်မောင် တယောက် ရေချိုးနေပါသည်။
"အမယ် ငရုပ်က တည်တည်ကြည်ကြည်နဲ့
ကန်ရေပြင်လေးကျလို့ ဟမ် ပေါ်လာပြန်ပီလား ကျစ်"
"မောင်မောင်ရေ ထမင်းစားတော့လေ ဟဲ့ သား"
"လာပြီ မေရေ"
"မေ"
"မေ့""အော် ဘာလဲ သားရယ် အလန့်တကြား"
" သား ငယ်ငယ်က ပေါ်သလို အဖြူကွက်တေ ပေါ်လာပြန်ပြီ"
"ဟေ သားအစားမှားလို့လား ဘယ်နားလဲ ပြစမ်းပါကွယ်"
"နားနောက်မှာ အမေရ လည်ပင်းမှာရော ဒီမှာကြည့်"
"အေး ဟုတ်သား သိပ်တော့ မကြီးပါဘူး သားရယ်
သေချာမကြည့်ရင် သတိမထားမိလောက်ပါဘူး"
"ဟုတ် သား ဆေးက ပုံမှန်မစားဖြစ်တာလဲပါတယ်
အမေရ"
"အေး ဂရုစိုက်သားရေ"
"ဟုတ်"
နံနက် ၈နာရီခွဲ စာမေးပွဲဖြေရန် နာရီဝက်အလို ဇွဲထက်မောင်တယောက် မိမိဖြေမည့် အခန်းသို့ လျှောက်လာခဲ့သည်။
အခန်းပေါက်ရှေ့တွင်တော့ နောက်ထပ် ထပ်မတွေ့ရတော့မည့် ရီးစားကို အလွမ်းသည်နေသလို မခွဲနိုင်မခွာရက်
ဖြစ်နေသော သက်ထွန်းတယောက်။ ဒင်းမှာ ၄လ လုံး အချိန်ရပါလျက် ကလေကချေ အုတ်ကြားမြက်ပေါက်နေခဲ့ပြီး အခုမှသေမလို ကျက်နေသည်။ဒင်း ကျပါစေလို့သာ ဆုတောင်းမိသည်။ဤသည်မှာ သူငယ်ချင်းကောင်း မေတ္တာ။"ဟေ့ကောင် ဖယ် အဝင်ပေါက်မှာ ပိတ်မနေနက် ငါဝင်မလို့"
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...