Zawgyi
စိုင်းခက်ယျာတို့ အိမ်ပြန်ရောက်ကာ ထမင်းစားသောက်ပီး အိပ်ယာဝင်ခဲ့ကြသည်။မောင်က ကုတင်ထက်မှာ
စိုင်းခက်ကို ကျောပေးအိပ်နေသည်။စိုင်းခက်သည်
လည်း ကြမ်းပြင်တွင် စောင်ခင်းကာ မောင့်ဘက်လှည့်၍
အိပ်လိုက်သည်။"မောင်"
"မောင် အိပ်ပျော်သွားပီလားဟင်"
ဇွဲထက် အိပ်မပျော်သေးပါ။ထိုကောင်လေး ဘာပြောမည်ကို နားစွင့်နေလိုက်သည်။
"မောင့်ကို စိုင်းခက် ပြောစရာရှိလို့"
"အင်း ပြောလေ"
မောင်က ကျောပေးလျက်သား ပြန်ဖြေသည်။
"စိုင်းခက် ဆိုင်ပြန်ဖွင့်မလားလို့ မောင်
အိမ်မှာလဲ စိုင်းခက်လုပ်စရာ မရှိတော့လေ။"
ဇွဲထက်မောင်တစ်ယောက် စိုင်းခက်ဘက်သို့ လှည့်လိုက်
ပြီး"ဘာလဲ ပျင်းလို့လား"
"မောင် အနားမှာ ရှိတဲ့အချိန်ဆိုရင်တော့ စိုင်းခက် မပျင်းပါ
ဘူး။ မောင် ရွာဝိုင်း သွားတဲ့အခါကျ စိုင်းခက် ပျင်းလို့။
စိုင်းခက်ကိုလဲ ခေါ်သွားပါလားဟင်"
"ခေါ်လို့ မဖစ်ပါဘူး ဟိုဘက်ရွာက လူတေက စိတ်ချရတာ
မဟုဘူး။ဘယ်ချိန် ရန်ထဖစ်မယ်မသိဘူး။တခုခုဖစ်ရင်
စိုင်းခက်ထိခိုက်လိမ့်မယ်"
"စိုင်းခက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ် မောင်ရဲ့။
မောင့်ကိုလဲ ကာကွယ်ပေးနိုင်တယ်။"
"တော်ပါပီ တော်ကြာ စိုင်းခက်ထိခိုက်ရင် မောင့်ကိုပဲ
အပြစ်ပြောကြမှာ အဲ့တော့ စိုင်းခက်ဆိုင်သာ
စိုင်းခက်ပြန်ထွက် ကြားလား"
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Roman d'amourအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...