Part(18)(Zawgyi+Unicode)

1.1K 71 4
                                    

Zawgyi

  သာယာ​သော မနက်​ခင်း​လေးတစ်​ခု အစပြုခဲ့သည်​။
သို့​သော်​ ဇွဲထက်​​မောင်​တစ်​​ယောက်​ အိပ်​ယာထဲတွင်​သာ
လူးလိမ့်​​နေသည်​။စိုင်းခက်​ထသွားသည်​ မသွားသည်​ကို
လည်း သူမသိ။လူက အိပ်​​နေနိုင်​​သော်​လည်း ဗိုက်​က
မ​နေနိုင်​။ထဂွီဂွီဖြင့်​ ဆန္ဒပြ​နေပြီ။ထိုအချိန်​ မိမိ​နောက်​​ကျော
မှ စိုင်းခက်​၏အသံကို ကြားလိုက်​ရသည်​။

"​မောင်​ ထမင်းစား​ရ​အောင်​ ထ​တော့​နော်​ ​မေ​မေတို့လည်း

ထမင်းစားဖို့ ​မောင့်​ကို ​စောင့်​​နေကြတာ။"

အံမယ်​ သူက ​မေ​မေ​တေ ဘာ​တေ ​ခေါ်လို့ပါလား။
င​မေကိုများ။

"ဗိုက်​မဆာ​သေးဘူး ပီး​တော့ မင်းနဲ့လဲ အတူမစားချင်​ဘူး"

ထိုအချိန်​ အခန်းထဲ ဝင်​လာ​သော ​မေ​မေ။
ဒီ​ကောင်​​လေး ဆင်းမလာဘူးဆိုတာ သိသည်​။
သား​လေးစိုင်းခက်​ယျာကိုဆိုရင်​ အ​တော်​အနိုင်​ကျင့်​ချင်​သည်​။

"​အော်​ ဟဲ့ သား ခုထိ မထ​သေးဘူးလား။ ​သား​ဖေကြီးက

သားကို ထမင်းစားဖို့ ​စောင့်​​နေတာ။ ကဲ  မြန်​မြန်​ထ။"

ဒေါ်ထက်​ထက်​ ​ပြောလဲ​ပြောရင်း သားကို ဆွဲထူလိုက်​သည်
ပြန်​​တော့ မငြင်း​ပေမယ့်​ ဘာမှလဲ ပြန်​မ​ပြောတဲ့ ဒီခ​လေး။

"သား​လေး စိုင်းခက်​ယျာ ​ရေ လာ ​မေ​မေတို့က

အောက်​ထပ်​က​နေ​စောင့်​ရ​အောင်​။"

"ဟုတ်​ကဲ့ ​မေ​မေ"

စိုင်းခက်​ကိုဖက်​ကာ ဆင်းသွား​သော ​မေ​မေ။
ဟိုတစ်​​ယောက်​ကလဲ မျက်​နှာကို ဖြီးလို့။သားမက်​နဲ့
ယောက္ခမမို့သာ ​တော်​​တော့။ငလို သားအရင်းများသာဆို
ဘယ်​​လောက်​ အကဲပိုကြမယ်​ မသိဘူး။

စိုင်းခက်​ မျက်​နှာသစ်​ကာ ထမင်းဝိုင်းသို့ ဝင်​ခဲ့သည်​။ယ​နေ့
ထမင်းဝိုင်းသည်​ လူအစုံဆုံးဖြစ်​သည်​။စိုင်းခက်
တစ်​​ယောက်​ ဟင်းများကို  ဇွဲထက်​​မောင်​ပန်းကန်​ထဲသို့
ထည့်​ခြင်းဖြင့်​ အလုပ်​ရှုပ်​​နေသည်​။ မထည့်​နဲ့ ဟု 
ဇွဲထက်​​မောင်​တစ်​​ယောက်​ ​ပြောချင်​​သော်​လည်း
အားလုံး၏ အကြည့်​သည်​ သူတို့ထံတွင်​။ ​ပြောလျှင်​လည်း
ကိုယ်​က ဆိုးသည်​ ဖြစ်​အုံးမည်​။

"​မောင်​"    တဲ့ ( COMPLETE )Where stories live. Discover now