Zawgyi
တောရွာလေး၏ နေ့ခင်းပိုင်းတွင်တော့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ဒေါက်...ဒေါက်...ဒေါက်
"ဝင်ခဲ့ပါ"
ဇွဲထက်မောင်တစ်ယောက် ကုတင်ပေါ်တွင် ပက်လက်လှန်ရာမှ မထ ပြောလိုက်ခြင်းဖြစ်သည်။ဝင်လာသူက အခြားသူမဟုတ် အမောင်စိုင်းဆိုင်
"ဇွဲထက် မင်းမှာကွာ အိပ်ပဲ အိပ်နေတာ မပျင်းဘူးလား
အပြင်လေး ဘာလေး ထွက်ပါအုံးကွ"
"ဟျောင့် ငအတွက် အိပ်တယ်ဆိုတာ ဘယ်တုန်းကမှ
ပျင်းစရာလို့မတွေးခဲ့ဘူး ငါနဲ့ အိပ်ယာဆိုတာ ခွဲလို့ရတာ
မဟုတ်ဘူးကွ"
"ဟုတ်ပါပီ ကိုယ်တော်ချောရယ် ကျတော်မျိုး ကန်စွန်းဥ
ပြုတ်ထားလို့ အောက်ထပ်မှာ ဆင်းစားပါအုံး ခဗျ
ကျတော်မျိုး တစ်ယောက်ထဲပျင်းလို့ လိုက်ခဲ့တော်မူပါ
ခဗျ"
"အစားဆိုတော့လဲ လိုက်ရမှာပေါ့ ရှေ့က သွားနှင့်"
စားပီးသောက်ပီး ၂ယောက်သား ဗိုက်ကားကာ
ကွပ်ပျစ်ပေါ်တွင် ပက်လက်လှန်ကာ စည်းစိမ်ရစ်နေကြ
သည်။ထိုအချိန် ခြံပေါက်ဝမှ အော်ခေါ်သံကြားရ၍
၂ယောက်သားလှည့်ကြည့်လိုက်ကြသည်။"ဗျို့ ကိုစိုင်းဆိုင်"
"ဟင် စိုင်းခက်ယျာပါလား။ ဆိုင်ထွက်ဖို့ သွားတော့တာ
လားကွ။"
တွန်းလှည်းကို ခြံပေါက်ဝမှာ ရပ်ကာ အထုပ်များဆွဲ၍ ဝင်လာသော စိုင်းခက်ယျာ။
(ကျစ် မတွေ့ချင်ပါဘူးဆို ပေါ်လာပြန်ပြီ ဟိုဘက်လှည့်နေမှ)
ဇွဲထက်မောင်တစ်ယောက် မမြင်ချင်ယောင်ဆောင်နေ
လိုက်သည်။"စိုင်းခက်ယျာ လက်ထဲက ဘာတေတုန်းကွ"
"ဟို မောင် အဲ ဟို ဧည့်သည်စားဖို့လေ ကျနော်ခြံက
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romantizmအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...