Zawgyi
ဇွဲထက်မောင်နှင့် စိုင်းဆိုင် အိမ်ပြန်ချိန်မှာတော့ အတော်လေး မိုးချုပ်နေပီဖြစ်သည်။၂ယောက်သား လမ်းလျှောက်ရင်း စကားစမြည် ပြောဖစ်ကြသည်။
"စိုင်းဆိုင် မင်းအတော် လေရှည်တဲ့ကောင်
ဟိုကောင်မလေးတေအဖွဲ့နဲ့ စကားပြောနေတာများ အမျှင်
ကို မပြတ်ဘူးငမှာ ကြောင်တောင်တောင်နဲ့ ထိုင်နေရတာ"
"အံမယ် မင်း မြိုစို့နေတာတော့ ထားပါကွာ ငါလဲ စိမ်းလဲ့
နဲ့ တွေ့တုန်း ပြောရတာကွ အော် ဒါနဲ့ အဖွဲ့ထဲက ရင်ဖုံးအ
ကီင်္ျအနီလေးနဲ့ကောင်မလေးကို သတိထားမိလား ဆံပင်
ရှည်ရှည်လေးနဲ့လေကွာ"
"အေး သတိထားမိတယ် အိနြေ္ဒကြီး တစ်ခွဲသားနဲ့
မလှုပ်ချင်လှုပ်ချင် တယောက်မလား ရုပ်ကလေးကတော့
လှသားပဲ"
"လှသားပဲ လုပ်မနေနဲ့ ဟျောင့် အဒါ သူကြီးသမီးကွ
ပြီးတော့ မင်းရဲ့ စိုင်းခက်ယျာကို သဘောကျနေတာ"
"ဘာ ငါ့ရဲ့ စိုင်းခက်ယျာလို့မပြောနဲ့ ဟျောင့်
သူနဲ့ငါနဲ့ ဘာမှ မပတ်သတ်ဘူး"
"အေးပါကွာ မင်းကသာ ဘာမှ မဟုတ်နေ
စိုင်းခက်ယျာကနော် ရွာက အပျိုတေ ဘယ်လောက်
လာကြိုက်ကြိုက် မျက်လုံးတစ်ချက်လှည့်ကြည့်တာ
မဟုတ်ဘူးကွ မင်းမို့သာ ဟဲ ဟဲ"
"ကျစ် ပြောလေကဲလေ မင်း မိရင်မလွယ်ဘူးမှတ်"
"အမိခံမယ်ထင်လား အဟား"
ပြောကာ ပြေးသွားသော ခွေးကောက်နောက် ကျတော် အမှုန့်ကြိတ်ဖို့ အမှီပြေးလိုက်သည်။၂ယောက်သမား ပြေးရင်းပင် အိမ်ရောက်လာခဲ့သည်။အိမ်ပေါက်ဝတွင် စီးကြိုနေသူက အဘ။
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...