Part(15)(Zawgyi+Unicode)

1.2K 69 6
                                    

Zawgyi

ဘတင်​​မောင်​ အိမ်​က အမြန်​ထွက်​ကာ သူကြီးအိမ်​သို့
အမြန်​သွားရသည်​။သူကြီးအိမ်​အ​ရောက်​တွင်​​တော့
အဖွဲ့၂ဖွဲ့ကြားတွင်​ ထိုင်​​နေ​သော သူကြီးဆီ ဦးတည်​သွားရသည်​။

"​ဟော ဘတင်​​မောင်​ ​ရောက်​လာပြီပဲ။ ကျုပ်​​တော့ ဒီ၂ဖွဲ့ကို

ထိပ်​တုံးစာ ၁ရက်​​လောက်​​ကျွေးထားရမယ်​နဲ့တူတယ်​။"

"သူကြီး​ရေ ဘယ်​လိုဖြစ်​တာတုန်းဗျာ။ကျုပ်​​မြေး​လေးက

မရမ်းကားတတ်​ပါဘူးဗျ။ နားလည်​မှု လွဲတာထင်​တယ်​ဗျ။"

"ရန်​ဖစ်​တာ​တော့ ၂ဖက်​လုံးမှားတယ်​ ဘတင်​​မောင်​။

ပြီး​တော့ သူတို့​ကြောင့်​ ဘုရားပွဲလည်းပျက်​ပြီ။

အပျက်​အစီး​တွေကလည်း မနည်းဘူးဗျ"

"အပျက်​အဆီး​တွေကို ကျုပ်​​လျော်​ပါ့မယ်​ဗျာ။ပထမဆုံးနဲ့

နောက်​ဆုံးအ​နေနဲ့ ခ​လေး​တွေကို ခွင့်​လွှတ်​​ပေးလိုက်​ပါ

ဗျာ။"

"ခက်​တာပဲဗျာ။ ကဲ ဒီတစ်​ခါ​တော့ ဘတင်​​မောင်

မျက်​နှာ​ထောက်​ပီး ကျုပ်​လွှတ်​​ပေးလိုက်​မယ်​။

နောက်​တစ်​ခါ​တော့ မဖြစ်​​တော့ဘူးလို့ ကျုပ်​မှတ်

လိုက်​မယ်​။ပြီး​တော့ ဒဏ်​ရာရတဲ့သူ​တွေလည်း

ကု​ပေးရမယ်​။"

"ရပါတယ်​ သူကြီး။ ကျုပ်​​ဆေးကုသစရိတ်​ခံပါ့မယ်​။"

"ကဲ ဒါဆိုရင်​​တော့ အားလုံး ပြန်​လို့ရပါပြီ။"

"​ကျေးဇူးပါ သူကြီးရယ်​ ​မြေးတို့ လာ ပြန်​ကြမယ်​"

အပြန်​လမ်းတွင်​​တော့ ဘတင်​​မောင်​အား အဖြစ်​ပျက်
အ​ကြောင်းစုံ​ပြောပြ​နေ​သော စိုင်းဆိုင်​အသံမှာ
တစ်​လမ်းလုံးဖုံးလွှမ်း​နေသည်​။သို့​သော်​ တစ်​​ယောက်​​သောသူမှာ​တော့ ငြိမ်​သက်​​နေသည်​။
ဇွဲထက်​​မောင်​တစ်​​ယောက်​ စကားတစ်​ခွန်းမှာ မ​ပြောပဲ ငြိမ်​သက်​စွာ လမ်း​လျှောက်​​နေသည်​။ထိုအချိန်​တွင်​ လမ်းကြားထဲမှာ ထွက်​လာ​သော လူငယ်​တစ်​ဦး။ခေါင်းတွင်​လည်း ပတ်​တီးအ​ဖွေးသား။အမှန်​ပင်​ စိုင်းခက်​ယျာဖြစ်​သည်​။
စိုင်းခက်​ယျာ ​မောင့်​ဆီသို့ ​ခြေလှမ်းကျဲများဖြင့်​ သွက်
သွက်​​လျှောက်​လာခဲ့သည်​။မောင်​သည်​လည်း စိုင်းခက်​ဆီ ဦးတည်​ ​လျှောက်​လာ​နေသည်​။ သို့​သော်​ အနားအ​ရောက်​တွင်​ ​မောင်​သည်​ စိုက်​ခက်​ကို ​ကျော်​ကာ မ​ပြေးရုံတမယ်
လျှောက်​လှမ်းသွားသည်​။

"​မောင်​"    တဲ့ ( COMPLETE )Where stories live. Discover now