Zawgyi
စိုင်းခက်တစ်ယောက် ကျောင်းဆရာ ဖြစ်လာသည်မှာ
၂ပတ်ကျော်ရှိခဲ့ပြီ။စိုင်းခက် ထမင်းချိုင့်များထည့်၍ အမြန်ပြင်ဆင်လိုက်သည်
ထို့နောက် မြန်မြန်လျှောက်ကာ မောင့်နောက်ကို
အမှီလိုက်ခဲ့သည်။"မောင်ရေ.....မောင်...စိုင်းခက်ကို စောင့်ပါအုံး"
ဇွဲထက်မောင်တို့ ရွာဝိုင်းဆီသို့ လမ်းလျှောက်သွားနေစဉ်
နောက်ဘက်ဆီမှ စိုင်းခက်အသံကြား၍ လှည့်ကြည့်လိုက်သည်။"စိုင်းခက် ဘာလို့ ပြေးလာတာလဲ။"
"ဟီး စိုင်းခက်က မောင်နဲ့ အတူသွားချင်လို့ "
ပြုံးကာ ပြောလာသော ထိုကောင်လေးမှာ ချစ်စဖွယ်အတိ။
တိုက်ပုံအဖြူနဲ့ ပုဆိုးအစိမ်းလေး ဝတ်ဆင်ထားသော ထို
ကောင်လေးမှာ ပို၍ပင် ငယ်နေသယောင်။လူကိုမြင်ရင်
ပြုံးပြုံးပြသည်မှာလဲ ရင်ထဲတလှပ်လှပ် ဖြစ်သွားရသည်။
ဒီကောင်လေးက လူကို ပြုစားတတ်သည်။"ပေး ထမင်းချိုင့်"
"ဟင်"
"အဟွန်း ကူသယ်ပေးမယ်"
မောင်က ထမင်းချိုင့်ကို ဆွဲယူသွားသည်။မောင်က
စိုင်းခက်ကို ဂရုစိုက်သည်တဲ့လား။"ဘယ်ချိန် ကျောင်းဆင်းမှာလဲ"
"၃နာရီ ဆင်းမှာ မောင်"
"အင်း ကျောင်းဆင်းရင် အိမ်တန်းပြန်"
"ဟီး စိုင်းခက်က မောင့်ဆီ တန်းပြန်လာမှာပါ။"
ရှက်ရမ်း ရမ်းကာ အမြန်လျှောက်သွားသော မောင်နောက် အပြေးလိုက်ရသည်။စိုင်းဆိုင်မှာတော့ တစ်ကိုယ်တည်း
ကျန်ရစ်လေသည်။"ကဲ ကျောင်းက ဟိုဘက်လမ်းက သွားရမှာမလား
သွားတော့လေ စိုင်းခက်"
"ဟုတ် မောင်အရင်သွားလေ မောင်သွားတာ စိုင်းခက်က
ကြည့်ချင်လို့"
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romantizmအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...