Zawgyi
"ဇွဲထက်ရာ မင်းကလဲ ဘာလို့သွားမှာလဲ အလိုကောင်တေ
နဲ့က မပတ်သတ်တာ ကောင်းတယ်ကွ"
မနက်ခင်းပိုင်း ဘတင်မောင်အိမ်ဝန်းထဲမှ ထွက်လာသော
အမောင်စိုင်းဆိုင်၏ အသံပါ။"ဟျောင့် မင်း မလိုက်ချင် မလိုက်နဲ့ ငါကတော့ သွားမှာပဲ"
"ငါက မင်းတယောက်ထဲတော့ သွားခိုင်းမလားကွ"
"အေး အလိုဆိုလဲ လိုက်ခဲ့ လေရှည်မနေနဲ့ကွာ ငါတော့
သွားပီ မင်းဘာသာမင်း လိုက်ချင်လိုက် မလိုက်ချင်နေခဲ့"
ပြောကာ ထွက်သွားသော ဇွဲထက်မောင်နောက်ကို
စိုင်းဆိုင်တစ်ယောက် ခေါင်းကုပ်ကာ လိုက်လာခဲ့သည်။
အနောက်ဝင်း အတွင်းတွင်တော့ ဇွဲထက်မောင်ကို စောင့်နေကြသော ရွာသားတစ်ဖွဲ့။
ဇွဲထက်မောင်တို့၂ယောက် အနောက်ဝိုင်းသို့ ရောက်လာခဲ့သည်။ ဝိုင်းထဲ အဝင်တွင်တော့ မိမိကို စောင့်နေကြသော ရွာသားများကို မြင်၍ ဇွဲထက်မောင်လန့်သွားသည်။
မနေ့က သေချာဂရုမစိုက်မိသည် ထင်သည်။ခုသေချာ
ကြည့်မှ ဝိုင်းက ရွာသားတေက အတော်ထွားကြောင်း သိလိုက်ရသည်။၆ပေနီးပါးရှိသည့် သူ့အရပ်မှာ ရှည်သည်ဟု သတ်မှတ်ထားသော်လည်း ဝိုင်းကရွာသားများကြားထဲတွင်တော့ အပုစာရင်းထဲ ဝင်ချင်သည်။ဗလများ တောင့်ပုံမှာလဲ ဇာတ်ကားထဲက နပန်းသမားများလား အောင့်မေ့ရ၏။
အလိုလူတေက ဘာလို့ ရန်ပွဲမှာ မနိုင်ရတာလဲ။"ဟိုမှာ မြို့သားလာပီဟေ့"
"ဟုတ် ကျတော်နာမည် ဇွဲထက်မောင်ပါ။မြို့သားလို့ မခေါ်
ကြပါနဲ့ခဗျ။ဒီဘက်ကတော့ ခင်ဗျားတို့သိပီးသား ထင်ပါ
တယ်။ ဘတင်မောင်သား စိုင်းဆိုင်ပါ။"
"ဟုကဲ့ခဗျ ကျနော့်ကိုလဲ ဇွဲထက်မောင်ခင်သလို ခင်ပါခဗျ။
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Lãng mạnအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...