Zawgyi
တိတ်ဆိတ်နေသော ညလေးတွင် အိမ်သားအားလုံးလည်း
နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။"အင်း..ဟင်း....အီး....ဟင်း....ဟင်း..."
ဇွဲထက်တစ်စုံတစ်ယောက်ငြီးသံကို ကြားရ၍ မျက်လုံးများ
ပွင့်လာခဲ့သည်။ဇွဲထက် ဘေးမှ အိပ်ပျော်နေသော စိုင်းခက်
ကို လှည့်ကြည့်လိုက်ရာ ငြီးသံများမှာ စိုင်းခက်ဆီက ဖြစ်
နေသည်။ဇွဲထက်လည်း စိုင်းခက်နဖူးအား လက်တင်စမ်း
ကြည့်လိုက်ရာ ကိုယ်များခြစ်ခြစ်တောက် ပူနေသည်။"စိုင်းခက်..." "စိုင်းခက်....."
ဇွဲထက်နှိုးသံကြောင့် မျက်လုံးပွင့်လာသော စိုင်းခက်။
"ဟင် မောင်ဘာဖစ်လို့လဲဟင်"
"မောင်က ဘာမှမဖြစ်ဘူး စိုင်းခက်ရဲ့
စိုင်းခက်ကိုယ်တေပူနေတာ ဖျားနေပြီထင်တယ် စိုင်းခက်
မောင် ဆေးသွားယူလိုက်အုံးမယ်"
ထသွားမည်လုပ်နေသော ဇွဲထက်လက်ကို လှမ်းဆွဲလာသော စိုင်းခက်။ဇွဲထက်လှည့်ကြည့်လိုက်တော့
"မောင် စိုင်းခက်အနားမှာပဲနေ ဘယ်မှမသွားနဲ့နော်"
"စိုင်းခက်ကလည်း မောင်က စိုင်းခက်အဖျားကျအောင်
ဆေးသွားယူပြီး နဖူးပေါ်တင်ရအောင် ရေစိုဝတ်လေး
ခနယူရုံပဲလေနော်"
"ဟင့်အင်း မသွားနဲ့ မောင်"
"ကဲ မောင်က ပြောစကား နားမထောင်ရင် မချစ်ဘူးနော်"
ဇွဲထက်ထိုသို့ပြောတော့ အိပဲ့အိပဲ့ဖြင့် ငိုလာသော
ကောင်လေးကို ရင်ခွင်ထဲထည့်သွင်းကာ"ကဲ ဒီကောင်ဆိုးလေးကို ဘလိုလုပ်ရမလဲပြော ရိုက်ရမှာ
လား ဒါမှမဟုတ် ဟောဒီနှုတ်ခမ်းလေးကို နမ်းရမှာလား"
"ဟင့် နှုတ်ခမ်းကိုနမ်း"
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...