Zawgyi
ဘတင်မောင်တို့ အိမ်ရှေ့တွင် ကားဖြူလေးတစ်စီးရပ်နေသည်။သက်ထွန်းနှင့် ဟန်သာမြို့သို့ ပြန်ကြမည်ဖြစ်၍
ဇွဲထက်မောင်တို့ကို ဝင်နှုတ်ဆက်ခြင်းဖြစ်သည်။"ဇွဲထက်တို့ ငါတို့ ပြန်တော့မယ်ကွာ ကျန်းမာရေးဂရုစိုက်
ကြ။သားသားတို့ ဦးဦးတို့ ပြန်ပြီနော် တာ့ တာ"
"တာ့ တာ...." "တာ့...တာ ဦးဦး"
"အေးကွ နောက်ကျ ငါတို့ရွာကို အလည်လာကြဦးပေါ့
မင်းတို့ကို သတိရနေမှာပါကွာ"
စိုင်းဆိုင်တစ်ယောက် မျက်နှာရှုံမဲ့ကာ သက်ထွန်းတို့
ပြန်မည်ကို စိတ်မကောင်းဖြစ်စွာပြောဆိုလာသည်။သက်ထွန်းမှာလည်း မျက်နှာမကောင်း။
ဇွဲထက် ကြားထဲမှ မနေနိုင်စွာ ......
"အမလေးကွာ ဖြစ်ပျက်နေကြတာ တသက်လုံးခွဲရမဲ့
သမီးရီးစားတွေကြနေတာပဲ"
"ဖွဟဲ့ လွှဲပါစေ ပယ်ပါစေ မင်းပြောတာနဲ့ ငါတို့ ကျိန်းကျေ
ပြီး ရီးစားမရပဲ နေပါ့မယ်ကွာ"
"ဟား...ဟား....ခုလည်း ရလို့လား ကိုယ်ကပိုးလိုက်
သူများက ဟပ်သွားလိုက်နဲ့ ကျန်ရစ်ဖြစ်နေတဲ့ပိုးဟပ်တွေ
ကများ..."
"ပြောပါစေ စိုင်းဆိုင်ရာ ငါတို့ကိုကလည်း faဘဝက
မကျွတ်တာကိုး"
သက်ထွန်းတစ်ယောက် စိုင်းဆိုင်ကို နှစ်သိမ့်လိုက်သည်။
ထိုအခါမှ ဟန်သာလဲ ဝင်ပြောလိုက်သည်။"ဇွဲထက် မင်းကလည်း မြို့ကို လာဦးလေကွာ"
"အေး ငါ မြို့ကို လာဖြစ်မယ်မထင်ဘူး။ငါ့အတွက်တော့
ဒီရွာက ငါ့အိမ်လိုဖြစ်နေပြီ။ငါ့အတွက် အဆင်ပြေတဲ့
ရပ်ဝန်းပေါ့ကွာ။မေမေတို့လည်း မြေးတွေကြည့်ဖို့ နောက်
YOU ARE READING
"မောင်" တဲ့ ( COMPLETE )
Romanceအရာရာအဆင်ပြေပီး အနာဂတ်တောက်ပနေတဲ့ ဇွဲထက်မောင် တစ်ယောက် တနေ့မှာ ကံကြမ္မာဆိုးကြီးက သူ့ဆီ ဝင်ရောက်လာပီး မထင်မှတ်ထားတဲ့ ဘဝဆီရောက်သွားပါတော့တယ် အနာဂတ်ကို မတွေးပဲ လက်ရှိမာပဲနေတဲ့ စိုင်းခတ်ယျာ ရည်မှန်းချက်ရယ်လဲ မရှိသူလေး သူက...