"ဟင်!"
ပန်းအိဖြူ လက်ထဲမှ ဘုရားပန်းတွေ လွတ်ကျသွားရပြီး ပါးစပ်ကို လက်ဝါးနှင့် အမြန်အုပ်ထားလိုက်မိသည်။ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်လောက်အောင် နေရာတွင် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိသည်မှာ မည်မျှကြာသည်မသိ။
အေးစေတီဝန်းထဲက ရှေးဟောင်းဘုရားတွေထဲမှာ အရှေ့မြောက်ထောင့်ရှိ စေတီတစ်ဆူက အချစ်မေတ္တာရေးရာနဲ့ ပတ်သက်ရင် ဆုတောင်းပြည့်တယ်လို့ ရေကြည်အေးမှာ ပြောစမှတ်ပြုတာကြောင့် ပန်းအိဖြူ ဆုတောင်းရန် လာခဲ့မိခြင်းဖြစ်သည်။
အခုတော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မေတ္တာဆုတို့ မတောင်းခင်ကပင် ကြေပျက်ခဲ့ရပြီ။
မိန်းကလေးမို့ ဓလေ့ထုံးတန်းတွေအရ စတင်ဖွင့်ဟခွင့် မရှိတာတောင် မြင်သာအောင် ကြိုးပမ်းခဲ့ရသမျှ လစ်လျူရှုခံခဲ့ရခြင်းတွေက ဒါကြောင့်တဲ့လား။အမျိုးတူရင်တောင် မာနတွေဈေးချလို့ ယှဥဉ်ပြိုင်ကာလုချင်လုနိုင်ဦးမှာပေမယ့် အခုတော့ယောက်ျားလေး တစ်ယောက်ကိုမှတဲ့လား။ ပြီးတော့ ထိုယောက်ျားလေးကလည်း "မြသားမောင်" တဲ့လား။
မဖြစ်သင့်တာ...
ဟင့်အင်း...မဟုတ်ဘူး...ဖြစ်ကိုမဖြစ်ရဘူး....
လေးညိုက အဲ့ဒီလို မဖြစ်ရဘူး...
မြသားမောင် နဲ့ ပိုပြီး မဖြစ်ရဘူး...
ငယ်ငယ်ကတည်းက လေးညိုဆီမှာ မြသားမောင်နဲ့ ယှဉ်လာပြီဆိုရင် ကိုယ်ကအမြဲနောက်ရောက်ခဲ့တာကြောင့် ပန်းအိဖြူ မြသားမောင်ကို အမြဲမကျေမနပ် ဖြစ်ခဲ့ရသည်။ အခုလိုဆိုရင်တော့ မုန်းပါမုန်းမိတော့မည် ထင်သည်။
ပန်းအိဖြူ ကတုန်ကယင်နဲ့ နေရာမှ လှည့်ကာထွက်ပြေးလာခဲ့မိသည်။ မျက်ဝန်းထဲမှာ မျက်ရည်တို့နှင့် ပြည့်လာတာကြောင့် အမြင်အာရုံတွေဝေဝါးလာကာ ဘုရားဝန်းထဲမှ အထွက်တွင် မျက်နှာချင်းဆိုင်မှ လူတယောက်နှင့် တိုက်မိတော့၏။
"ဘုန်း"
"အင့်"
"ဟင်"
"ကိုအောင်မြင်သူ"

YOU ARE READING
Mya Thar Maung (From Yae Kyi Aye)
Romance(Myanmar Boy Love Fiction-OC) ရေကြည်အေး ရွာလေးကို သိပ်ချစ်တဲ့ မြသားမောင် ဆိုတဲ့ကောင်လေးတစ်ယောက် နဲ့ မြသားမောင်လေးကို သိပ်ချစ်တဲ့ လေးညိုဆိုတဲ့ ကောင်လေးအကြောင်း...ရွာသားလေးတွေကလည်း ချစ်တတ်ပါကြောင်း