လက်ဆက် ကြိုးချည်မည့်နေ့ !
ရေကြည်အေး တစ်ရွာလုံး မနက်အုန်းမောင်းခေါက်ကတည်းက ထပြီးအလုပ်ရှုပ်နေကြရသည်။ ဒီနေ့က တကယ့်ပွဲ့နေ့ ဖြစ်သည့်အပြင် ဘေးရွာက ဧည့်သည်တွေပါ လာကြမှာဖြစ်လို့ အကျွေးအမွေးကလည်း လစ်ဟင်းလို့မဖြစ်ပေ။
လေးညိုနှင့် အငယ် ကိုယ်တိုင်ပင် ဧည့်ခံမဏ္ဍပ်များ နေရာပြင်ဆင်ရေးတွင် စားပွဲခုံတွေ ချပြီး ဝင်ကူနေရသည်။ ချက်ပြုတ်ရေးသမားများကလည်း အေးစေတီဝန်းဘေးရှိ ဆရာတော်ဦးသုမန ကျောင်းထဲတွင် မနေ့ညကတည်းက ဝိုင်းဝန်းနေကြရသည်။
တစ်ရွာလုံး ကလေးကအစ ခွေးအဆုံး သူ့နေရာနှင့်သူလုပ်အားပေးနေကြသည်မှာ တက်တက်ကြွကြွ။
"ကိုသာအေး... အဲ့ဒီဘက်မှာ ငလုံးတို့ကို လွှတ်လိုက်စမ်းပါ ထင်းတွေ လိုနေလို့ သယ်ခိုင်းချင်လို့"
"အေးအေး... အေးသီတာတို့ကို ပြောလိုက်ဦး ဘုန်းကြီးဆွမ်းကပ်မဲ့ ပွဲတွေကို ရောမပစ်နဲ့လို့ သပ်သပ်ဖယ်ထားခိုင်း"
"လေးညို နဲ့ သားမောင်ကို ဒေါ်လေးသန်းရင် ခေါ်နေတယ်လို့ အော်လိုက်စမ်းဟေ့ ကြားတဲ့ တစ်ယောက်လောက်"
"သတိုးသားနှစ်ယောက်ကို နားခိုင်းလိုက်ကြတော့ မနေ့ညကတည်းက ဝင်ကူနေကြတာ တော်ကြာ လက်ဆက်ကြိုးချည်ခါနီးကြီး တစ်ခုခုဖြစ်နေမှာစိုးလို့"
"ဟဲ့... ဖွဟဲ့ လွဲပါစေ ဘာဖြစ်ရမှာတုန်းတော် လျှောက်မပြောပါနဲ့"
"ထိမိခိုက်မိမှာ စိုးလို့ပါအေ"
"ဟဲ့ လင်းလင်းဦး မဏ္ဍပ်ထဲမှာ ကတ္တီပါလျှောက်လမ်း ခင်းပြီးပြီလား"
"ဘာ လင်းလင်းဦးလဲ ကိုယ်တော်လင်း လို့ပြန်ခေါ်တော်မူစမ်း"
"ဟယ်... ငါ့နှယ်... မနေ့ကတည်းက နန်းဝတ်နန်းစားဝတ်ပြီး ကိုယ်တော်ရူးရူးသွားတာ အဲ့ဒါ"
"ရူးမနေစမ်းနဲ့ လင်းလင်းဦးရဲ့... လျှောက်လမ်းခင်းပြီးပြီလားလို့"
"ပြီးပြီ...ခုန ငယ်ကျွန်ကြီး ငကျော်နဲ့ ငပေစိ တို့ခင်းနေကြတာ ကိုယ်တော် သေချာကြီးကြပ်ခဲ့တော်မူတယ်"
YOU ARE READING
Mya Thar Maung (From Yae Kyi Aye)
Romance(Myanmar Boy Love Fiction-OC) ရေကြည်အေး ရွာလေးကို သိပ်ချစ်တဲ့ မြသားမောင် ဆိုတဲ့ကောင်လေးတစ်ယောက် နဲ့ မြသားမောင်လေးကို သိပ်ချစ်တဲ့ လေးညိုဆိုတဲ့ ကောင်လေးအကြောင်း...ရွာသားလေးတွေကလည်း ချစ်တတ်ပါကြောင်း