Ep 24 (Z)

19.9K 636 12
                                    

လေးညို နှင့် အငယ်တို့ လက်ထပ်ခဲ့တာ ၁ လပြည့်ပြီ!

ငယ်ငယ်တုန်းက အငယ်က လေးညိုကိုတွယ်ကပ်သည်... အခုတော့ပြောင်းပြန်...

လေးညိုက အငယ့်ကိုပြန်တွယ်ကပ်နေရပြီး ဒီပိုင်ဆိုင်မှုလေးကို လေးညိုမှာ ထားစရာနေရာမရှိ...
ယာခင်းထဲတောင် သိပ်မလိုက်ဖြစ်တော့ဘဲ အငယ့်နားပဲကပ်နေ၍ အဖေကပင် လေးညိုကိုဆဲနေပြီ... ဒီနေ့တော့ အဖေခိုင်းထားတဲ့ကိစ္စရှိ၍ အိမ်မှခွါရတော့မည်...

လေးညို ရဲ့ပိုင်ဆိုင်မှုလေးက အိမ်ရှေ့ခန်းတွင် သင်ဖြူးဖျာလေးခင်း၍ စားပွဲခုံပုလေးနှင့် သင်ရိုးတွေလေ့လာပြင်ဆင်နေသည်... ဒီနှစ်နွေကုန်လျှင် လျှောက်ထားသည့် ပိုစတင်တွေကျတော့မည်... အဖြူအစိမ်း ကျောင်းဝတ်စုံနှင့် ဆရာလေး မြသားမောင်ကို မြင်ချင်လှပြီ ဖြစ်သလို တဖက်တွင်လည်း ကျောင်းသွားချိန် တနေကုန်ခွဲနေရမည်ဖြစ်သဖြင့် လေးညို စိတ်မောနေရသည်...

"အငယ်"

"ဗျာ"

"ကိုလေး ငါးအိမ်စုဘက် ခဏသွားမလို့ အဖေခိုင်းထားတာရှိလို့"

"ဟုတ်"

အငယ်က ပြန်ထူး ပြန်ဖြေသာလုပ်နေတာ မျက်လုံးက သူ့စာအုပ်တွေမှ မခွါ...

"အငယ်...လိုက်ခဲ့ဦးမလား"

"လိုက်တော့ဘူးလေ... ကိုလေးမြန်မြန်ပြန်လာခဲ့"

လေးညိုက လိုက်ခဲ့စေချင်၍ခေါ်လိုက်သော်လည်း အငြင်းခံလိုက်ရသဖြင့် အီလည်လည်ဖြစ်သွားရသည်...

"ဒါဆိုလည်း အငယ် ဟိုဘက်အိမ်မှာ အမေတို့နဲ့ သွားနေပါလား အိမ်မှာတယောက်တည်းဖြစ်နေမှာစိုးလို့"

"ကိုလေးကလည်း သွားပါ...ဘာမှမဖြစ်ပါဘူး"

အငယ်က သူ့စာအုပ်တွေထဲပဲ အာရုံရောက်နေသဖြင့် လေးညိုလဲ လက်လျှော့လိုက်ပြီး အပြင်သွားဖို့ပြင်ဆင်ရသည်... အိပ်ခန်းထဲဝင်လာပြီး အဝတ်အစားလဲကာ ခေါင်းဖြီးတော့ စားပွဲပေါ်မှ တဝက်ကျိုးကုန်လုပြီဖြစ်သော အုန်းဆီပုလင်းကိုတွေ့သဖြင့် ပြုံးလိုက်မိသည်...

အုန်းဆီပုလင်းတောင် တဝက်ကျိုးပြီ... အိပ်ယာခင်းတွေလျှော်ရတာလဲ ခဏခဏ...

Mya Thar Maung (From Yae Kyi Aye)Onde histórias criam vida. Descubra agora