Ep 13 (Z)

21.8K 608 11
                                    

အညာနွေက သစ်ရွက်ခြောက်တွေ ခြွေချလိုက်... လေပူတွေတိုက်လိုက်...ဖုန်တွေထလိုက်နဲ့ သူ့တာဝန်သူ ကျေပွန်တာထက်လွန်အောင် ထမ်းဆောင်နေတော့သည်... လေရူးဝှေ့တိုင်း ဖုန်ထတတ်လွန်းသဖြင့် လေးညိုတို့မှာ မနက်တိုင်း အိမ်ခြံဝန်းထဲ တံမျက်စည်းပြောင်အောင်လှဲပြီး ရေဖျန်းရတာလဲ အလုပ်တခုလိုပင် ဖြစ်နေရတော့၏...

ဒီနေ့လည်း လေးညိုက နေ့လည်စာမစားခင် ခြံဝန်းထဲ တံမျက်စည်းလှဲပြီး ရေဖြန်းနေရသည်...

ထိုအခိုက်မှာပဲ အငယ်က ခြံထဲသိုဝင်လာပြီး အိမ်ပေါ်သို့ တက်သွားသည်... ရေချိုးပြီးကာစ ဖြစ်ပုံရကာ အားကစားဘောင်းဘီတိုနှင့် စွပ်ကြယ်အင်္ကျီ ချိုင်းပြတ် အနက်ရောင်လေးကို ဝတ်ထားသဖြင့် အသားလေးက ပို၍ဖွေးနေသလိုထင်ရ၏...

ဟိုတလောက အငြိမ့်ပွဲပြီးကတည်းက လေးညို သူ့ကိုအော်လိုက်လို့ အငယ် စိတ်ဆိုးသွားပြီး လေးညိုတို့အိမ်ဘက်မလာပဲနေသဖြင့် မိသားစုလိုက် အလှည့်ကျ နည်းမျိုးစုံနှင့်ချော့ကြရသေးသည်...

အဖေဆို မသွားစဖူး မြို့အထိသွားပြီး အငယ့်အတွက် ကြိုးအနက်နှင့် Citizen နာရီလေးတလုံးပင် သွားဝယ်လာခဲ့သည်... မမထွေးညိုဆိုလည်း အငယ်ကြိုက်တဲ့ ဟင်းတွေတနေ့တမျိုးမရိုးရအောင် ရှာကြံချက်ပြီး သွားသွားကျွေးရသည်မှာအမော...

အမေကလည်း "အမေကြီး ဇက်ကြောတွေတက်ပြီး နေမကောင်းလို့အငယ်ရယ် ဒီဘက်အိမ်လာပြီး နှိပ်ပေးစမ်းပါဦး" ဟု ခေါ်လျှင် အငယ်က "အမေကြီး ဒီဘက်အိမ်လာခဲ့" ဟု ပြန်ခေါ်ပြီး ပေတေနေခဲ့သည်... လေးညိုက သူတို့အိမ်သွားပြီး စကားလိုက်ပြောရင်လည်း ပြန်မပြော...

နောက်ဆုံးတော့ လေးညိုက သူရကို ထိုးခဲ့သည့် အပြစ်အနေနှင့် ဥက္ကဋ္ဌ က ရွာထိပ်စေတီဝန်းကျင်ရှိ ပေါင်းမြက်များကို လေးညိုတယောက်တည်း ရှင်းစေရန် အမိန့်ချမှတ်သည့်နေ့မှ အငယ်က လေးညိုပေါင်းရှင်းနေရာ စေတီဝန်းအတွင်းသို့ ပေါက်ပြားလေးကိုင်ကာ ရောက်လာခဲ့တော့သည်...လေးညိုမှာ ဥက္ကဋ္ဌ ကိုကျိတ်၍ကျေးဇူးတင်လို့မဆုံးတော့ပေ....

ဒီ့အပြင် "အငယ်" ဆိုသည့်နာမ်စားလေး ပြန်ခေါ်ခွင့်ရအောင် လေးညိုမှာ အာပေါက်မတတ် ကြိုးပမ်းခဲ့ရသေးပုံကိုလည်း ပြန်အမှတ်ရမိရင်း ပြုံးမိရပြန်သည်...

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now