Ep 28 (U)

59.2K 4.6K 763
                                    

"ဟာ...ဆရာလေးက ဒီရောက်နေတာပဲ"

"ဪ အစ်ကိုပါလား... ဟုတ်တယ်ဗျ ကျွန်တော်က အားတိုင်း ဒီကျောင်းမှာ စာလာဖတ်နေကျ... ဆရာတော့်ဆီမှာ ငါးရာ့ငါးဆယ် နိပါတ်တော် စာအုပ်တွေရှိတယ်လေ...အစ်ကိုရော ကျောင်းကို ဘာကိစ္စ"

"ကျွန်တော် ရန်ကုန်ဝယ်လာတဲ့ပစ္စည်းတွေ ဆရာတော့်ကို လာပို့ပေးတာ ဆရာတော် မှာထားတဲ့ဟာတွေ"

"သြော် ... ဟုတ်"

ထွန်းနိုင် ဘုန်းကြီးကျောင်းပေါ်မှာ စာထိုင်ဖတ်နေတုန်း ကိုကိုရောက်လာတာဖြစ်သည်။ ကိုကိုက ထွန်းနိုင်ဘေးမှာ ဝင်ထိုင်လိုက်ပြီး ထွန်းနိုင်ရှေ့မှ စာအုပ်များကိုယူကြည့်သည်။

"ဆရာလေးကလည်း စာဖတ်ဝါသနာပါတယ်နဲ့တူတယ်"

"ဟုတ်ကဲ့... ကျွန်တော့် ကလောကအိမ်မှာဆို စာအုပ်တွေအများကြီးရှိတယ်ဗျ ဒီကိုမသယ်နိုင်လို့"

"ကျွန်တော့်အိမ်မှာလည်း စာအုပ်တွေအများကြီးရှိတယ်ဗျ...ဆရာလေးဖတ်ချင်ရင် လိုက်ရွေးပါလား... လေးညိုဆို ကျွန်တော့်ဆီမှာ အမြဲလာငှားဖတ်နေကျ"

"ကျွန်တော် ကြားဖူးတာ အစ်ကိုက ခြံထဲကိုသူစိမ်းတွေလာတာမကြိုက်ဘူးဆို"

ထွန်းနိုင်အမေးကြောင့် ကိုကိုက နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးလိုက်သည်။

"အရင်ကပါဗျာ... ကျွန်တော် အခုလူတွေနဲ့ လိုက်လျောညီထွေ နေတတ်အောင် ပြန်ကြိုးစားနေတယ်"

ထွန်းနိုင် ရင်ထဲနင့်သွားရသည်။ လူ့လောကကြီးက ထွက်ခွါသွားခဲ့တဲ့သူနဲ့ ထပ်တူ လူ့လောကြီးနှင့် ကင်းကွာအောင် ဘဝကိုများမြှုတ်နှံထားခဲ့သလား ကိုကိုရယ်။

"အစ်ကို အဆင်ပြေမယ်ဆိုရင် ကျွန်တော်လိုက်ခဲ့ချင်ပါတယ်"

"အဆင်ပြေပါတယ် ဆရာလေးရဲ့ အားမနာပါနဲ့... ပြီးတော့ ဆရာလေးကို ကျွန်တော့်စိတ်ထဲရင်းနီးနေသလို ခံစားရလို့"

[ကျွန်တော်ကတော့ ကိုကို့ကို ၅တန်းနှစ်ကတည်းက ရင်းနီးနေခဲ့ရတာပါ... ကျွန်တော်စာဖတ်ဝါသနာပါခဲ့ရတာလဲ ကိုကို့ကြောင့်ပေါ့... စာဖတ်အလွန်ပျင်းခဲ့တဲ့ ကိုနေက စာဖတ်ဝါသနာအိုး ကိုကိုနဲ့ ချစ်သူဖြစ်ကြတော့ ကိုကိုနဲ့လိုက်ဖက်ညီအောင် စာဖတ်ချင်ယောင်ဆောင်ခဲ့တယ်ကိုကို... ကိုကိုငှါးပေးလိုက်တဲ့ စာအုပ်တွေကို ကျွန်တော်က ဒိုင်ခံဖတ်ပြီး ကိုနေ့ကို အကြောင်းအရာတွေပြန်ပြောပြခဲ့ရတယ်... အဲ့ဒါမှ ကိုကိုတို့ စာအုပ်တွေအကြောင်း ဆွေးနွေးကြတဲ့အခါ ကိုနေက ကိုကိုနဲ့အတူလိုက်ပြောနိုင်မှာမဟုတ်လား...

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now