Ep 12 (U)

65.9K 5.3K 956
                                    

"ဟယ်...အမလေးလေး... ငါတို့ကလေး... လှလိုက်တာဟယ်"

ခင်မောင်သိန်းက လှည်းကို ပွဲကြည့်စင်နောက်ရှိ နားနေရာနားသို့ ရပ်လိုက်သည်နှင့် ဥက္ကဌ ကတော် ဒေါ်လေးသန်းရင်က အငယ့်ကို မြင်ပြီး အားရ၀မ်းသာ အော်ဟစ်ကာ လှည်းဆီသို့ပြေးလာသည်။ ထို့နောက်အငယ့်လက်ကလေးကို တယုတယလှမ်းကိုင်ပြီး ပြုံးပြုံးကြီးဖြစ်နေတော့သည်။ ပြီးတော့မှ ခင်မောင်သိန်းကို လှမ်းခေါ်ပြီး ရွာထဲသို့ နောက်တခေါက်ပြန်ခိုင်းသည်။

"ခင်မောင်သိန်းရေ စင်နောက်မှာ ကာဖို့ လိုက်ကာစတွေ ထွေးညိုတို့ဆီမှာ သွားသယ်ခဲ့ပါဦး...ပြီးရင် သူတို့ကိုပါခေါ်ခဲ့တော့"

"ဟုတ်ကဲ့ ဟုတ်ကဲ့ အခုသွားလိုက်မယ်"

ခင်မောင်သိန်းက ထွေးညိုဟု အသံကြားလိုက်တာနှင့် တက်ကြွစွာ လှည်းပြန်လှည့်ဖို့လုပ်သည်။
အငယ်က မင်းသမီးလုံချည်ကြီးကို မ ၍ ကုန်းကုန်းကွကွနှင့် သူ့ဘာသူ လှည်းပေါ်က ဆင်းဖို့ပြင်နေသဖြင့် လေးညိုက လှည်းပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းပြီး ဇွတ် ပွေ့ချီပစ်လိုက်သည်။

"ကိုလေး! ကျွန်တော်လမ်းလျှောက်မှာ"

အငယ်က သူ့ကိုပွေ့ချီတာ မကြိုက်သည့်ပုံနှင့် လေးညိုရင်ခွင်ထဲမှနေ၍ မျက်ခုံးလေးတွန့်ကာ ခပ်ဆတ်ဆတ်ကလေးပြောသည်။

"ကျစ်! အငယ် ငြိမ်ငြိမ်နေ... ကိုလေးက ချီတာကို ဘာဖြစ်နေတာလဲ"

"မကြိုက်ဘူးဗျာ"

"အငယ်နော်"

"..........."

အငယ်က ဘာမှပြန်မပြောတော့ပေမဲ့ လေးညိုကို မကျေမနပ်ပုံနှင့် ဘုကြည့်ကြည့်နေသည်။ လေးညိုက တမင်မသိချင်ယောင်ဆောင်ပြီး အငယ့်ကို နားနေဆောင်အတွင်းရှိ ခုံပေါ်တွင် ချပေးလိုက်သည်။

ထိုခဏမှာပဲ အနီးနားရှိလူများက ဝိုင်းအုံပြီးရောက်လာကြကာ အငယ့်အားကြည့်ပြီး တစ်ယောက်တစ်ပေါက် ချီးမွမ်းခန်းတွေ ဖွင့်နေကြတော့သည်။

"မြသားမောင် ရယ် ငါ့နှယ် မှတ်ကိုမမှတ်မိဘူးဟေ"

"ကြည့်ပါဦးတော် မျက်လုံးလေးတွေကလဲ လှလိုက်တာအေ"

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now