Extra 2 (Z)

13.9K 528 28
                                    

ဒီနေ့က စနေနေ့ ကျောင်းပိတ်ရက်မို့ သားမောင်အိမ်မှာ စာလာကျက်ကြသည့် ကလေးတွေနှင့်ပြည့်နေသည်... အမှန်က ပိတ်ရက်ဆို သားမောင်က စာမလိုက်နိုင်သည့် ကလေးတွေကိုသာ အချိန်ပိုသဘောမျိုး ခေါ်သင်ပေးခြင်းဖြစ်သည်... သို့သော်လည်း အိမ်မှာစာကောင်းကောင်းမလုပ်ချင်သည့် ကလေးတွေရော စာလိုက်နိုင်သည့် ကလေးတွေရောပါ ရောက်လာကြသဖြင့် အိမ်ပေါ်မှာရော ခြံထဲမှာပါ ဆူညံနေကြတော့သည်...

"ဟိုကောင်တွေ ဟိုကောင်တွေ... သိန်းသန်း သံလုံး မိုးထိ ချက်စူ!!"

"ဗျာ ဆရာလေး!!"

"မင်းတို့လေးယောက် လူခွဲနေ... ပူးမနေကြနဲ့"

"ဟုတ်ကဲ့... နှစ်ယောက်စီ ပူးလို့ရလား ဆရာလေး"

"ဟိတ်ကောင်!! နှစ်ယောက်စီလဲ မပူးရဘူး သွား.. တစ်ယောက်တစ်နေရာစီနေ"

ထိုငမွှေ လေးယောက်က ပူးနေရင် တွတ်ထိုးငြင်းခုံပြီး ဘယ်တော့မှစာမရပေ... ငယ်ငယ်တုန်းက သားမောင်နှင့် ငကျော်တို့အဖွဲ့ကို ဆရာကြီးဦးလှဆောင်က လူခွဲထားရသလို သားမောင်လဲ အခု သိန်းသန်းတို့လေးယောက်ကို လူခွဲနေရချေပြီ... သိန်းသန်းက အဆုတို့ မိန်းကလေးတွေနားသွားကာ ရစ်သီရစ်သီ လုပ်နေပြန်သဖြင့် သားမောင်က နေရာချထားရေးလုပ်ရပြန်သည်...

"သိန်းသန်း...မင်း ခြံထဲက သရက်ပင်အောက်သွား"

"ဟုတ်ကဲ့ ဆရာလေး"

သိန်းသန်းက ကျေနပ်ပုံမရသော်လည်း သားမောင်ကိုကြောက်၍ ပေစောင်းပေစောင်းဖြင့် ခြံထဲသို့ ဆင်းသွားရသည်... သားမောင်လဲ ကလေးတွေနေရာချထားပြီးမှ အိမ်စာထပ်ထားတာတွေ စစ်ဖို့လုပ်ရသည်... ထိုအချိန်မှာပဲ ခြံထဲသို့ ချက်စူအမေ မစောရီက ဝင်လာသည်... လူမမြင်ရသေးဘူး ခြံထဲ၌ စာကျက်ခိုင်းထားသော ချက်စူကို ဆူငေါက်နေသံက အရင်ကြားရသည်...

"ဟဲ့ ချက်စူ စာမကျက်ပဲ ဘယ်ငေးနေသလဲ... ဆရာလေးကို ရိုက်ခိုင်းဦးမယ် နေဦး! ဆရာလေးရေ လေးညိုရေ"

"ဗျာ... မစောရီ လာလေဗျာ... ကိုလေးကတော့ မရှိဘူး ယာခင်းထဲသွားကြည့်နေတယ်"

"ထွေထွေထူးထူး မဟုတ်ပါဘူးဆရာလေးရယ်... ချက်စူတို့အဖေ အုတ်ဖိုက ပြန်လာပြီလေ... အဲ့ဒါ ကျွန်မရယ် ဟိုတစ်ခါထားခဲ့တဲ့ ဒန်အိုးတွေပြန်လာရွေးတာ"

Mya Thar Maung (From Yae Kyi Aye)Tahanan ng mga kuwento. Tumuklas ngayon