Just a random chitchat 🧡

21.9K 2K 239
                                    

Just a random chitchat!

တကယ်တော့လေ "ရေကြည်အေးမှ မြသားမောင်သို့" ဆိုတဲ့ fic က 2000-2005 ခုနှစ်ဝန်းကျင်လောက်ကို အခြေခံပြီးရေးခဲ့တာပါ...

မြို့တွေမှာ အတန်အသင့်တိုးတက်နေပြီဆိုပေမဲ့ ရွာတွေမှာတော့ အဲ့ဒီခေတ်အခါက တကယ့်ကိုနုံချာနေခဲ့ရသေးတဲ့ အချိန်တွေပါပဲ... သတင်းစာတောင် အငယ့်လို ပေါက်စီဖင်မှာ ကပ်ထားတာကို လှန်ပြီးဖတ်ရတဲ့အနေအထားပါ...  တရွာလုံးမှာ မီးစက်နဲ့ပြတဲ့ ဗီဒီယိုရုံအသေးလေး တစ်ရုံပဲ ရှိပါတယ်... အဲဒီအကြောင်းကို DiDi က ဆရာလေးမြသားမောင်နဲ့ သူတပည့်လေးတွေရဲ့ plots တွေမှာ ထည့်ရေးမှာပါ... "ရွှေစက်တော်သွား တောလား" plot လေးလဲ ရေးချင်သေးတာမို့ ရေးဦးမယ်နော်...

လေးညိုတို့လို ဘွဲ့ရတဲ့အထိ ကျောင်းတက်ခွင့်ရသူဆိုလို့ ၅ ယောက်တောင်မပြည့်ပါဘူး... ၄ တန်းလောက်အောင်ပြီ ဆိုတာနဲ့ ကျောင်းထွက်ပြီး တောလုပ်တောကိုင် လုပ်ကြရတော့တာပါပဲ...

အဲ့ဒီလိုအနေအထားနဲ့ ရွာမျိုးမှာ BL သွားရေးမိတာ တကယ်တိုင်ပတ်ရပါတယ်... DiDi က fic တွေကို real life နဲ့ အနီးစပ်ဆုံးရေးရတာပိုကြိုက်ပါတယ်... real life မှာဆိုရင် လေးညိုနဲ့ အငယ့်အကြောင်း ရွာကသိသွားတဲ့ အချိန်မှာဆို drama တွေ ချိုးလို့ကောင်းလိုက်မဲ့ အကွက်တွေပေါ့... ရွာကနေ ဖယ်ကျဉ်ခံရတာတွေ... ထွက်သွားရတာမျိုးတွေ... SE ကြီးတောင် ဖြစ်သွားနိုင်တဲ့ အနေထားမျိုး...

ဒါပေမဲ့ DiDi ဆိုတာ သိတဲ့အတိုင်းပဲ... SE ကို အသေကြောက်တဲ့သူပါ... ကိုယ့်ရဲ့ Personal life မှာတောင် drama တွေက more than enough ဖြစ်နေပြီမို့ အဲ့ဒီ drama အပိုင်းတွေကျော်ခွပစ်ခဲ့ပါတယ်... ဇာတ်လမ်းကတော့ ဆားမပါသလို ပေါ့သွားမှာပါ...
အားနာရပါတယ်...

virtual world ထဲကိုပါ drama ထပ်မခေါ်လာချင်တာမို့ မဟုတ်မဟတ် လုပ်ဇာတ်တွေ ခင်းလိုက်ရပါတယ်... အဲ့ဒီအတွက် လေးညိုနဲ့ထပ်တူ ရွာကလူတွေအပေါ်မှာ guilty ဖြစ်ရပါတယ်... ဒေါ်လေးသန်းရင်ကိုသာ အပြင်မှာတွေ့ရရင် မျက်နှာတွေပူနေရမှာပါ... နောက်တခုက ဒီလိုလုပ်ဇာတ်တွေကို ယုံတယ်ဆိုပြီး ယုတ္တိမရှိဘူးလို့ မထင်လိုက်ပါနဲ့... ရေကြည်အေးနဲ့ အနီးတဝိုက်က စုန်းတွေ ကဝေတွေ နတ်ဘီလူးတွေကအစ အပြင်မှာ တကယ်ယုံကြည်ကြတာပါ... ဒါကလည်း ရွာဓလေ့ ရိုးရာအစွဲတွေမို့ အပြစ်ရယ်လို့ မဆိုသာပါဘူး...

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now