သားမောင် ကိုလေးရဲ့အဝတ်တွေကို သေချာခေါက်ပြီး ဗီရိုထဲသို့ထည့်လိုက်သည်။ အဝတ်တွေရဲ့အောက်ဆုံးမှ တီရှပ်အဖြူလေးကို ကိုလေးမဝတ်တာတော်တော်ကြာနေမှန်း သတိထားမိ၍ ဆွဲထုတ်ပြီး အပေါ်တင်ပေးဖို့လုပ်ရသည်။ ကိုလေးက အဝတ်အစားမရွေးတတ် အပေါ်ဆုံးမှာတွေ့သည်ကိုသာ ဆွဲဆွဲပြီးဝတ်တတ်သဖြင့် သားမောင်က အမြဲလိုလို အဝတ်တွေကို အပေါ်ဆုံးမှာ တစ်လှည့်စီ ထားပေးရသည်။ မဟုတ်ရင် ဗီရိုအောက်ဆုံးက အင်္ကျီတွေကို ဒီတစ်သက်ဝတ်ဖြစ်မှာ မဟုတ်တော့ပေ။
သားမောင်က အောက်ဆုံးမှ အင်္ကျီကိုဆွဲထုတ်လိုက်စဥ် စာခေါက်လေးတစ်ခုက ခြေထောက်ပေါ်သို့ ပြုတ်ကျလာသည်။
"ဟင်"
သားမောင် ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ ရင်တွေပင်တုန်သွားရသည်။ ဒါ ဟိုနေ့က ကိုလေးနဲ့ ဘကြီး လုနေကြတဲ့ ရည်းစားစာမဟုတ်လား။ ဘကြီးက လှိမ့်နေအောင်ဆဲရလောက်အောင် ဘာတွေများရေးထားလဲ သိချင်လွန်းလှသဖြင့် သားမောင်က တောင်းတော့ ကိုလေးက မပေးတော့ဘူးဟုဆိုကာ ဇွတ်ငြင်းခဲ့ခြင်းဖြစ်သည်။
အဟင်း...ဖတ်ရချည်သေးရဲ့။
သားမောင် အိမ်ရှေ့ကို အသာသွားချောင်းကြည့်လိုက်တော့ ကိုလေးက အိမ်ရှေ့ခန်းမှာ ဖျာခင်းပြီးလှဲ၍ စာအုပ်ဖတ်နေသည်။ သားမောင်လဲ အိပ်ခန်းတံခါးကို အသာပိတ်လိုက်ပြီး ကုတင်ပေါ်တွင်ထိုင်ကာ စာကိုဖွင့်၍ဖတ်လိုက်သည်။
[သို့/
ချစ်ရပါသော အူတုန်အသဲတုန်လေး အငယ်ရေ]သားမောင်မျက်နှာကြီး ပြုံးဖြီးသွားရသည်။
[အငယ်က ရည်းစားစာဖတ်ချင်တယ်ပြောပေမဲ့ ကိုလေးက ချစ်တဲ့အကြောင်းတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မရေးတတ်တော့ ချစ်တယ်ဆိုတာထက်ပို မရေးတတ်ဘူး]
"အဟင်း"
[ကိုလေး ချစ်တာ အငယ်သိပြီးသားဆိုတော့ အငယ်မသိသေးတဲ့ ကိုလေးရဲ့ တက်မက်မှုတွေကိုပဲ ပြောပြတော့မယ်... အငယ့်ရဲ့ ဖွေးဥချောမွှတ်နေတဲ့ အတွင်းသားလေးတွေကအစ ကိုလေးမှာ နမ်းလို့မဝ ကိုက်လို့မဝ...]
"ဟင်"
[အငယ် သိရဲ့လား... အငယ့်ရဲ့ ဆံပင်ဖျားလေးကစပြီး ခြေသည်းခွံလေးတွေအထိ... ကိုလေးက မြတ်နိုးတယ်... အငယ့်ဆံပင်တွေ ခြေသည်းတွေ ညှပ်ပစ်ရတဲ့အခါတိုင်း ကိုလေးမှာ နှမြောလို့မဆုံးဘူး... အငယ့်ရဲ့ လည်တိုင်ရှင်းရှင်းလေး နဲ့ ရင်ဘတ်ဖွေးဖွေးလေးကတော့ ကိုလေး စိတ်မခိုင်တဲ့ အကြောင်းတရားတွေပေါ့]

ESTÁS LEYENDO
Mya Thar Maung (From Yae Kyi Aye)
Romance(Myanmar Boy Love Fiction-OC) ရေကြည်အေး ရွာလေးကို သိပ်ချစ်တဲ့ မြသားမောင် ဆိုတဲ့ကောင်လေးတစ်ယောက် နဲ့ မြသားမောင်လေးကို သိပ်ချစ်တဲ့ လေးညိုဆိုတဲ့ ကောင်လေးအကြောင်း...ရွာသားလေးတွေကလည်း ချစ်တတ်ပါကြောင်း