"ဆရာလေးက နေနေ နဲ့ ဘယ်လိုပတ်သက်နေသလဲ ကျွန်တော့်ကို အမှန်တိုင်းဖြေပါ"
လက်ထဲမှာ ထွန်းနိုင်ကူးရေးပေးထားသော ကဗျာစာအုပ်ကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး ကိုကိုက ထွန်းနိုင်ကိုမေးသည်...
ထွန်းနိုင်မျှော်လင့်ထားပြီးသားပင်... လက်ရေးတွေကို ကိုကိုမှတ်မိမယ်လို့ ၁၀၀ ရာခိုင်နှုန်း မသေချာပေမဲ့ တစ်ခုခုကိုတော့ သတိထားမိနိုင်လောက်တယ်လို့ ထွန်းနိုင် အတတ်သိသည်... ပြီးတော့ ထွန်းနိုင်နဲ့ ကိုနေက ရုပ်ချင်းလည်း နည်းနည်းဆင်သေးသည်... ထွန်းနိုင်လည်း ကိုကို့ကို မညာချင်... ရေကြည်အေးကို ရောက်လာရတဲ့ရည်ရွယ်ချက်ကိုက ထွန်းနိုင် ဘယ်သူဘယ်ဝါဆိုတာ ဖွင့်ပြောပြီး ကိုကို့ကို ကလောကို လိုက်ခဲ့စေချင်ရုံတင်...
ထွန်းနိုင် ကိုကို့ဆီက ဘာမှမမျှော်လင့်ထား...
ကိုကို့ကို ကြီးကြီးက တောင်းပန်ချင်ခဲ့တယ်ဆိုတာနဲ့ ကိုနေ့အုပ်ဂူကို ကိုကိုကြည့်ချင်ရင် လာကြည့်လို့ရကြောင်း ပြောပြချင်ရုံမျှသာ... ကိုကို့ကို အတိတ်အိပ်မက်ဆိုးတွေထဲမှ နိုးထစေချင်ပြီး အာဃာတ တွေ အမုန်းတွေထဲမှ လွတ်မြောက်၍ စိတ်အေးချမ်းစွာ နေသွားစေချင်ရုံပင်...ထွန်းနိုင် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး...
"ကျွန်တော်က ကိုနေ့ရဲ့ ညီဝမ်းကွဲပါ အစ်ကို"
ကဗျာစာအုပ်ကို ဆုပ်ကိုင်ထားသော ကိုကို့လက်မှ သွေးကြောတွေက တင်းခနဲဖြစ်သွားကြသည်...
"ဆရာလေးက ဒီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာသလဲ"
"ကျွန်တော် အစ်ကို့ကို လိုက်ရှာနေခဲ့တာပါ"
"ဘာအတွက်လဲ"
"ကြီးကြီး...ကြီးကြီးရော ဘဘကြီးရော ဆုံးသွားကြပြီ အစ်ကို... ကြီးကြီးက မဆုံးခင်မှာ အစ်ကို့ကို တောင်းပန်ချင်တယ်လို့ ပြောခဲ့တယ်...အဲ့ဒါ"
"နေနေက ပြန်ရှင်လာမှာလား"
"ဗျာ"
"ဆရာလေး ကျွန်တော့်ကို လိုက်ရှာပြီး အဲ့ဒါတွေလာပြောနေလို့ရော နေနေကပြန်ရှင်လာမှာမလို့လား"
YOU ARE READING
Mya Thar Maung (From Yae Kyi Aye)
Romance(Myanmar Boy Love Fiction-OC) ရေကြည်အေး ရွာလေးကို သိပ်ချစ်တဲ့ မြသားမောင် ဆိုတဲ့ကောင်လေးတစ်ယောက် နဲ့ မြသားမောင်လေးကို သိပ်ချစ်တဲ့ လေးညိုဆိုတဲ့ ကောင်လေးအကြောင်း...ရွာသားလေးတွေကလည်း ချစ်တတ်ပါကြောင်း