Ep 26 (Z)

17.1K 600 19
                                    

"ကဲ အောက်စက်တော်ရာ ဆင်းကြမယ်လေ... မန်းချောင်းထဲ ရေမိုးချိုးပြီး သားမောင်တို့ ထွေးညိုနဲ့ တဲကိုပြန်လိုက်သွား... နင်တို့အစ်မ ထမင်းချက်တာ ကူပေးလိုက်ကြ... ပြီးရင် ဟင်းချိုင့်တွေပါ သယ်ပြီး အောက်စက်တော်ရာကို ပြန်လာခဲ့ကြ... အမေတို့က အာရုံခံတန်စောင်း ထဲက စောင့်မယ်"

"ဟုတ်"

အမေကြီးတို့က တဲကျောင်းကို သွားလိုက်ပြန်လိုက် မလုပ်နိုင်တော့၍ ညအထိ အောက်စက်တော်ရာမှာပဲ နေကြမည်ဖြစ်သည်... အားလုံးတူတူ အောက်စက်တော်ရာကို ပြန်ဆင်းကြရင်း သားမောင်က ရွာက ကလေးတွေအတွက် သစ်သားနှင့်လုပ်ထားသည့် အရုပ်လေးတွေ လက်ဆောင်ဝယ်သည်... ယာခင်းထဲက ကိုဖိုးချက်နှင့် မမိလေးရဲ့ သမီးလေး "ဆောင်းဟေမန်" အတွက် ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ဝယ်လိုက်သည်...

မမိလေးက ဆောင်းရာသီမှာ သမီးလေးကို မွေးခဲ့တာမို သားမောင်က "ဆောင်းဟေမန်" လို့ နာမည်ပေးခဲ့တာဖြစ်သည်... ကိုဖိုးချက်နဲ့ မမိလေးကလည်း ထိုနာမည်လေးကို သဘောကျကြသည်... သိုသော်လည်း နာမည်ဖျက်တတ်ကြသည့် ရွာသားတွေ၏ ထုံးစံအတိုင်း ဆောင်းဟေမန်လေးက ပုပုလုံးလုံးလေးမလို့ "ပုလုံး"ဟုသာ နာမည်တွင်နေသဖြင့် သားမောင်နဲ့ ရန်ဖြစ်ရတာအမော...

အောက်စက်တော်ရာ ရောက်တော့ လူရှင်းသည့်နေရာရှာပြီး ချောင်းစပ်တွင် ပစ္စည်းများ ပုံကာ ရေချိုးကြသည်... မမထွေးညိုတို့ အပျိုအုပ်စုက ခပ်ဝေးဝေးမှာ သူတို့ဟာသူတို့သွားချိုးကြသည်... သားမောင်တို့ ယောက်ကျားလေးအုပ်စုက လူကြီးတွေနှင့် မလှမ်းမကမ်းမှာပဲ ချိုးကြသည်...

"မြသားမောင် ဘောကွင်းသွားငှားမယ်"

"ဟိတ်ကောင်တွေ နေဦး နေဦး...ငါရွေးပေးမယ် မင်းတို့မရွေးတတ်ဘူး"

သားမောင်က ရှပ်အင်္ကျီကြယ်သီးများကို ကမန်းကတမ်းဖြုတ်နေရင်း ပုဆိုးရော အင်္ကျီရော ရေစပ်မှာခြေကန်ချွတ်ပစ်ခဲ့ပြီး ဘောင်းဘီတိုလေးနှင့် ဘောကွင်းငှားသည့်နောက်သို့ပြေးလိုက်သွားသဖြင့် ကိုလေးက အဝတ်တွေလိုက်ကောက်ရသည်...

"အငယ် အင်္ကျီမဝတ်ပဲ သွားပြန်ပြီကွာ"

ကိုလေးလှမ်းအော်သံကြားလိုက်သော်လည်း ဘောကွင်းရွေးချင်စိတ်စောပြီး ပြန်လှည့်မကြည့်အားပေ.. ဘောကွင်းကို လေအတင်းအလျော့ အနေတော်ကြည့်ရွေးပြီး သုံးကွင်းငှားလိုက်သည်... သားမောင်တို့အတွက်ရယ်... အပျိုကြီးမမများအတွက်ရယ် ကလေးတွေအတွက်ရယ်...

Mya Thar Maung (From Yae Kyi Aye)Dove le storie prendono vita. Scoprilo ora