Mya Thar Maung Childhood Life (Z)

11.7K 217 10
                                    

(၅နှစ်အရွယ် မြသားမောင်)

"သားလေး... မြသားမောင်... ဒီက မမထွေးညိုနဲ့ ကိုလေးတို့နဲ့ အတူတူဆော့ပြီး နေခဲ့ဦးနော်... အမေရယ် ညနေ အိုးလှည်းပို့ပြီးပြန်လာရင် မုန့်ဝယ်ခဲ့မယ် သိလား"

"ဟုတ်ကဲ့"

ဟုတ်ကဲ့ဟု ပြောလိုက်သော်လည်း မြသားမောင်လေး၏ မျက်လုံးဝိုင်းဝိုင်းတို့တွင် မျက်ရည်ကဝဲချင်နေ၏။ အမေက ဝမ်းရေးအတွက် အိုးလှည်းသွားရောင်းရမည်မို့ထားခဲ့၍ နေခဲ့ရသော်လည်း အခုမှရောက်လာရသော နေရာစိမ်းတွင် သူစိမ်းများနှင့်မို့ အားငယ်နေရှာသည်။

ခြံတံခါးဝကိုမှီကာ နှာတံချွန်ချွန်လေးကို ရှုံ့ပွရှုံပွလုပ်၍ ငိုချင်နေသည်ကိုထိန်းထားပြီး အသားဖြူဖြူနှင့် ပါးကလေးများမှာရဲ၍နေ၏။

"သနားပါတယ်ဟယ်"

ထွေးညိုက လေးညိုအားလက်တို့၍ တိုးတိုးပြောလာသည်။ လေးညိုက မျက်စိရှေ့မှ ဖြူဖြူအကောင်သေးသေးလေးအား စိုက်ကြည့်ကာငေးနေမိ၏။

ဘကြီးဦးအုန်းမောင်က မျက်နှာမကောင်းစွာဖြင့် မြသားမောင်လေးအား ကောက်၍ချီလိုက်ပြီး...

"အောင်မာ မြမောင်သားလေးက လူကဖြင့် လူပျိုဖြစ်လို့ သူငယ်တန်းတောင်တက်ရတော့မယ် ဘာငိုဖို့လုပ်နေသလဲကွ... ထွေးညိုရေ ဟိုနေ့က မကွေးကဝယ်လာတဲ့ ကြက်ဥမရွေးတွေ ဘယ်မလဲ...ယူခဲ့ဟေ့"

"အယ် ဟုတ်တယ် မြသားမောင်ကို ကြက်ဥမရွေးကျွေးမယ်နော်"

ထွေးညိုက မီးဖိုဆောင်သို့ပြေးကာ ကြောင်အိမ်ထဲမှ ကြက်ဥမရွေးထုပ်ကိုသွားယူပြီး လေးညိုက ရွှံနှင့်ကိုယ်တိုင်လုပ်ထားသော နွားရုပ် ကျွဲရုပ်ကလေးများကို ပြေးယူရသည်။ မြို့သားလေးက သူတစ်ခါမှမမြင်ဖူးသည့်ရွှံ့ရုပ်ကလေးများအား သဘောတကျဖြင့် စိတ်ဝင်တစားဖြစ်လို့နေတော့သည်။

အမေကြီးက ယာခင်းထဲသွားရန်ခမောက်ဆောင်းလိုက်ပြီး မြသားမောင်တို့အား ပြုံး၍ကြည့်နေသည်။

"အမေရယ် ယာခင်းထဲသွားလိုက်ဦးမယ် ကလေးကိုမငိုစေနဲ့နော် တည့်တည့်ရှုရှုနေကြ"

Mya Thar Maung (From Yae Kyi Aye)Tempat cerita menjadi hidup. Temukan sekarang