Ep 27 (Z)

15.2K 596 17
                                    

"ဆရာလေး ကိုထွန်းနိုင် ဒီကနေ့စောလှချည့်လား"

"တင့်ပါ့ ဘုရား...တပည့်တော် စောစောနိုးနေတာနဲ့ ထွက်လာခဲ့တာဘုရား"

"ပြီးရင် ကျောင်းပေါ်မှာ မနက်စာ သွားစားချည်ဦးနော့"

"တင့်ပါ့ဘုရား"

ဆရာတော်က ပြောပြီးကျောင်းပေါ်ပြန်တက်သွားတော့သည်... ထွန်းနိုင်လည်း သိမ်းပြီးသည့်သစ်ရွက်ခြောက်များကို စုပြီးအမှိုက်တောင်းထဲထည့်ကာ ကျောင်းထောင့်ရှိ မြေကြွင်းထဲသို့ သွား၍သွန်ထားလိုက်သည်... ထို့နောက် နေ့စဉ် လုပ်နေကျ အလုပ်တခုဖြစ်သော မန်းချောင်းဘက်ကိုလှမ်းမြင်နေရသည့် စေတီကုန်းလေးပေါ်သို့ တက်လာခဲ့လိုက်သည်...

လက်မှနာရီလေးကို မြှောက်ကြည့်လိုက်တော့ မနက် ၆ နာရီထိုးရန် ဆယ်မိနစ်အလို... ချောင်းနှင့်ကပ်နေသော ဥယာဉ်ခြံကျယ်ကြီး၏ ဘေးဝန်းတံခါးပေါက်သည် ပိတ်လျှက်သားရှိနေတုန်းပင်...
အချိန်တိကျတတ်သူက ၆နာရီ အတိမှာ အမြဲထိုတံခါးပေါက်မှ ထွက်လာပြီး ချောင်းဘေး တွင်ကိုယ်လက်လှုပ်ရှားမှုများလုပ်လေ့ရှိသည်... ထို့နောက် ချောင်းထဲတွင် ရေချိုးလေ့ရှိသည်...

၆ နာရီထိုးပြီ... ဥယာဉ်ခြံကြီး၏ ဘေးတံခါးပေါက်လည်းပွင့်သွားပြီး သူထွက်လာသည်... ထုံးစံအတိုင်း အားကစား ဘောင်းဘီတို စွပ်ကြယ်လက်ပြတ်ဝတ်ထားပြီး လက်ဆွဲရေပုံးတခုကိုင်ထားသည်...ရေပုံးကို ချောင်းစပ်တနေရာ၌ချထားလိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသည့် သူ့ကို ထွန်းနိုင်ငေးကြည့်နေမိသည်... အချိန်တွေကြာတာတောင် ခန့်ညားနေမှုကလျော့ကျမသွားခဲ့.... ဓါတ်ပုံတွေထဲကလို ငယ်ရွယ်နုသစ်မှုတို့ မတွေ့ရတော့ပေမဲ့ အဲ့ဒီအစား ရင့်ကျက်မှုတို့က အစားထိုးနေရာယူထားကြသည်...

အမြဲလို တည်တင်းနေတတ်တဲ့ မျက်နှာထားက ရင်ထဲက ကြေမွနေတဲ့ဒဏ်ရာတွေကို ဖုံးကွယ်ထားဖို့များလား...

လေ့ကျင့်ခန်းလုပ်ပြီးတော့ ချောင်းထဲမှာရေဆင်းကူးနေသူကိုငေးကြည့်ရင်း သက်ပြင်းချမိသည်...

၁ နှစ်တောင်ပြည့်တော့မည်... ထွန်းနိုင် ရေကြည်အေးရွာကိုရောက်လာရသည့် ရည်ရွယ်ချက်ကို ခုထိအကောင်အထည်မဖော်နိုင်သေး... မေမေ့ကိုပေးထားသည့်ကတိအတိုင်း ၁ နှစ်ပြည့်ရင်ပြန်ရတော့မည်...

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now