နိုဝင်ဘာ။ အမိတက္ကသိုလ်၏ ကျောင်းပိတ်ရက်များ။ ယနေ့ တစ်ဆယ့်လေးရက်။ ၂၀၁၆ခုနှစ်အတွင်း ပုံမှန်မြင်နေကျ လနှင့်မတူသော 'စူပါမွန်း' ကို ယနေ့ည မြင်ရမည်ဟု သတင်းများကကြေငြာကြသည်။ ကျွန်မသည် လကြည့်ရန် တစ်နေ့လုံး စိတ်စောနေခဲ့မိသည်။ နီလာကောင်းကင်မှ မဟူရာကောင်းကင်ပြောင်းသည်နှင့် ပြတင်းတံခါးကိုဖွင့်ကာ 'လ' ရှာပုံတော် ဖွင့်တော့သည်။
ပစ္စည်းကိရိယာများ၏ အကူအညီ မပါဘဲ သာမန်မျက်စိကို အားကိုး၍ ကြည့်ရသဖြင့် အနောက်နိုင်ငံများတွင် မြင်ရသလောက် လ က မကြီး။ သို့သော်လည်း ပုံမှန်ထက် မဆိုစလောက်လေး ကြီးနေသလို ထင်ရသည်။ လနဲ့ကမ္ဘာဟာ ဘယ်လောက်ဝေးကွာတာပါလိမ့်။ ငယ်ငယ်ကတော့ သင်ခဲ့ရသည်။ နေပါဦး။ သိချင်စိတ်ပြင်းပြလာ၍ ရှာရဖွေရတော့သည်။ လနှင့်ကမ္ဘာသည် ၂၃၈၈၅၅မိုင် ဝေးပါသည်တဲ့။
သူ့ကို သတိရသည်။ ထို့နောက် လကပဲ ဆွဲဆောင်မှုရှိသလား၊ ကျွန်မကပဲ စိတ်မခိုင်တာလား။ ရင်ထဲ လှိုက်ခနဲ ဝမ်းနည်းကာ မျက်ရည်များ ဝေ့သီလာသည်။ မိုင်ပေါင်းများစွာက လကိုငေးရင်း
အနာဂတ်မှာ နီးမလား၊ ဝေးမလား မသေချာသော သူနှင့်ကျွန်မ အခြေအနေကို တွေးတောကြည့်မိသည်။တကယ်လို့များ လနဲ့ကမ္ဘာဝေးသလို ငါတို့ ဝေးကြရလျှင်။ အိုး ဒီအတွေးတွေ ဝေးဝေးသွားစမ်းပါ။ ဒါပေမဲ့လည်းလေ လကိုတွေ့ဖို့ လွယ်ကူသလောက် နင့်ကို တွေ့ဖို့တော့ ခဲယဉ်းလှချေရဲ့။ ကျောင်းတံခါးဖွင့်အောင် စောင့်ပေဦးပေါ့ တစ်ခါ။
*
ဘောလုံးပွဲဖွင့်ပွဲမစခင် သူ ကျွန်မကို လိုက်ရှာနေသည်တဲ့။ ဗာဒံပင်ရိပ်အောက်တွင် ဆုပိုင်ကိုစောင့်ရင်း ကျွန်မကို သူငယ်ချင်းတစ်ယောက်က စကားကြုံပါးသည်။ သူက ငါ့ကိုလိုက်ရှာနေတယ် ဘာလို့ပါလိမ့်။ ဘာမှလည်း မဟုတ်ပါဘဲနှင့် ရင်က ခုန်ချင်လာပြန်သည်။
ဟော တွေ့ပါပြီ။ ရှေ့ဖက်က အနက်ရောင်ကျောပိုးအိတ်ကြိုးနှစ်ဖက်ပေါ် လက်မကို လျှိုသွင်းထားကာ မြောက်ကြွမြောက်ကြွခြေလှမ်းများဖြင့် လာနေသူ။ တွေ့တွေ့ချင်း
YOU ARE READING
ရင်ထဲကနွေ