4BEနှစ် အောင်စာရင်းထွက်စဉ်က ကျွန်မနှင့်သူ ခုံနံပါတ် ကပ်လျက်ဖြင့် အောင်သောကြောင့် သူပြောခဲ့သော စကားတစ်ခွန်းရှိသည်။
ရေစက်တွေ။
ရေစက်တွေတဲ့လား။ အဲ့ဒီရေစက်ဆိုတာက လူတွေကို နီးစပ်စေဖို့ ဖြစ်တည်တယ် မှတ်တာ။ အမှန်တော့ တဖြည်းဖြည်းနဲ့ ဝေးကွာဖို့ အရင်ဆုံး နီးစပ်စေတဲ့ ရေစက်တွေကို ဖြစ်ပေါ်စေတာ။ အပေါ်ဆုံးကို ဆွဲတင်ပြီးမှ အောက်ဆုံးထိ ရိုက်ချတာ။ အနီးဆုံး နီးစေပြီးမှ အဝေးဆုံး ဝေးစေတာ။ ဝေးမှာများ သေချာနေရင် ဘာလို့ နီးစေခဲ့သေးသလဲ။
ငါးနှစ်မြောက် 5BE။ သူသည် ကျောင်းပုံမှန်မတက်ချင်တော့။ အင်္ဂလိပ်ချိန်များတွင် အတန်းပြေးတတ်လာသည်။ သူသာ မဟုတ်။ ယောက်ျားလေးအများစုသည် အင်္ဂလိပ်ချိန်ကို မတက်ချင်ကြ။ သူတို့၏ တစ်ခုတည်းသော အကြောင်းပြချက်သည် ယခုနှစ်တွင် သင်ရသော အင်္ဂလိပ်ဆရာမ၏ စာအလွန်မေးတတ်မှုကြောင့် ဖြစ်၏။ သူဆိုလျှင် ပုံနှိပ်ကို ကျောင်းဖွင့်၍ တစ်လကျော်သည်အထိ မရှိသေး။
ယခုနှစ်အပိုင်းအခြားကာလတွင် ပန်းကလေးအပေါ် သူ၏ အရေးပေးမှု များလာသည်။ သူ၏ တစ်နေ့တာ အချိန်တော်တော်များများသည် ပန်းကလေးအနားတွင် ဝဲနေတတ်သည်။
ယခုနှစ်မှစ၍ တက္ကသိုလ်အများစုတွင် Mailboxဟူသော ပေ့ဂ်ျတစ်ခုစီရှိလာကြသည်။ မိမိကြိုက်နှစ်သက်သူကို ပေ့ဂ်ျမှ တစ်ဆင့် ရည်းစားစကား ပြောနည်းဖြစ်သည်။ ယောက်ျားလေးရော၊ မိန်းကလေးပါ ကိုယ်သဘောကျသည့်သူကို ပြောချင်သည့် စကားများပြောနိုင်ခွင့်ရှိလေသည်။
တစ်နေ့တစ်နေ့ ပီတီယူမေးလ်ဘောက်စ်(PTU Mailbox)မှ တင်သည့် မေးလ်များ စောင့်ဖတ်ရသည်မှာ အပြောခံရသူအစားရော၊ ရင်ဖွင့်သည့်သူအစားပါ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်သော်လည်း မလေးနက်ဟု ကျွန်မက ထင်သည်။ အပျော်ဆန်သည်ဟု ထင်သည်။ လေးနက်သည့် ချစ်ခြင်းမေတ္တာကို လူဘယ်နှစ်ယောက်ကများ မေးလ်ဘောက်စ်မှ တစ်ဆင့် ရရှိကြသလဲ ကျွန်မသိချင်လှသည်။
'ကိုယ်မင်းကို သဘောကျတယ်၊ နှစ်သက်မြတ်နိုးတယ်' ဆိုသည်ကို မျက်လုံးကနေ တစ်ဆင့် ခံစားသိရှိရသော အရသာကို သူတို့ရပါမည်လား။ မျက်လုံးတွေဆိုတာ စိတ်ရဲ့ ပြတင်းပေါက်တွေပဲတဲ့။ ထိုအဆိုကို ကျွန်မ လက်ခံပါသည်။ သို့သော် မျက်လုံးများက ဟန်ဆောင်တတ်လျှင်တော့ မပြောတတ်။
YOU ARE READING
ရင်ထဲကနွေ