အပိုင်း(၁၆)

693 31 5
                                    

မိုးရာသီကို မုန်းသည်ဟု မဆိုသာသော်လည်း မချစ်နိုင်သေးပါ။ မိုးစွေရက်များဆိုလျှင် လုံခြည်များ မခြောက်ချင်။ ထို့ပြင် အဆောင်မှ ကျောင်းသို့ သွားရာတွင် ကတ္တရာလမ်းဘေးမှ မြေနီလမ်းပေါ် လျှောက်ရသည်ဖြစ်ရာ လမ်းအလျှောက် မတတ်လျှင် လုံချည်နောက်တွင် ရွှံ့စက်များ စင်နေတတ်သေးသည်။

မြို့ထဲမှ ဖယ်ရီကားစီးလာသူများအဖို့တော့ ထိုဒုက္ခရှိမည်မဟုတ်ပါ။ သို့သော် ကားပေါ်တွင် မိုးပက်သည့်ဒုက္ခကလည်း မသေးပါ။ 'ငါတို့ အင်ဂျင်နီယာကျောင်းသားတွေရဲ့ ဒုက္ခကလည်း နွေမိုးဆောင်း မရိုးရဘူးဟေ့' ဟုတောင် ပြောယူရသည်။

ကျောင်းတည်နေရာသည် မြို့ပြနှင့်အဝေး တောထဲ တောင်ထဲတွင် ရှိနေခြင်းကပင်လျှင် အခြားကျောင်းများထက် ဒုက္ခအရာတွင် ခြေတစ်လှမ်းသာလွန်နေချေပြီ။ မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ကျောင်းတော်ကြီးကို မတွယ်တာဘဲ၊ မချစ်ဘဲလည်း နေနိုင်ကြတာမဟုတ်။ ကျောင်းပြီးသွားသည့် စီနီယာများဆိုလျှင် ကျောင်းကိုလွမ်းကြောင်း၊ ကျောင်းပြန်တက်ချင်ကြောင်း တသသပြောကြသည်။ ထို့ကြောင့် ကျွန်မသည်လည်း တက္ကသိုလ်တွင် နေရတစ်ခိုက်အချိန်လေး၌ တက္ကသိုလ်ကျောင်းသူဘဝကို အပြည့်အဝခံစားကြည့်ချင်မိပါသည်။

ကျောင်းနှင့် မဝေးချင်၍ပဲ မြို့ထဲအဆောင်သို့ မပြောင်းဖြစ်သလား။ တစ်နေရာတွင် ကြာရှည်စွဲမြဲစွာ နေချင်စိတ်ကြောင့်ပဲ လက်ခုပ်ပင်ရွာထဲမှာ သည်းခံနေဖြစ်သလား မပြောတတ်ပါ။ သူငယ်ချင်းအချို့ဆိုလျှင် ရွာထဲတွင် နှစ်နှစ်ခွဲလောက်နေပြီးမှ မြို့ထဲပြောင်းသွားကြသည်။ သူတို့လည်း သူတို့အကြောင်းနှင့် သူတို့ပေါ့လေ။ အပြစ်မဆိုသာ။

အဆောင်တွင် အခန်းလွတ်သွားသဖြင့် ကျွန်မတစ်ယောက်တည်း နေလိုက်သည်။ လွယ်လွယ်ကူကူ နေရခြင်းတော့မဟုတ်။ အဆောင်ပိုင်ရှင်က နှစ်ဝက်မှ တစ်ယောက်တည်းနေခြင်းကို ခွင့်မပြု။ ဆုပိုင်နှင့် အဆင်ပြေသော်လည်း နှစ်ယောက်စလုံးက လွတ်လွတ်လပ်လပ် နေချင်ကြသည်။ သို့သော် ဆုပိုင်က ယခု နှစ်ဝက်တွင် တစ်ခန်းခ ပေးရန် အဆင်မပြေသဖြင့် ကျွန်မပါ ပြောင်းခွင့်မရဘဲ ဖြစ်သွားသည်။ ထို့ကြောင့် နောက်နှစ်မှ တစ်ခန်းထဲ နေရလေသည်။

ရင်ထဲကနွေحيث تعيش القصص. اكتشف الآن