"ဟူး ငါဗိုက်တော်တော်တင်းသွားပြီ။ သူ ငါနင်နဲ့ စက်ဘီး ပြိုင်မနင်းနိုင်လောက်တော့ဘူး။ ဒါပေမဲ့ နင့်စက်ဘီးက မိုက်တယ်ဟ ငါစီးကြည့်ချင်တယ်" ဟု ကျွန်မက သူ့ကို ပြောတော့ သူက
"ငါတို့ ခဏနားပြီးရင် သွားစီးကြမယ်လေ။ နင်နောက်ကထိုင် ငါနင်းမယ်"
"ဟေ့အေး အဲ့လိုမစီးချင်ဘူး။ နင်ကရှေ့ခုံမှာ ထိုင်ပြီး လက်ကိုင်ကိုထိန်း၊ ငါက နောက်ခုံကနေ စက်ဘီးနင်းမယ်"
"ပြီးရောလေ"
ခဏကြာတော့ သူနှင့်ကျွန်မ ပြောထားသကဲ့သို့ စက်ဘီးကို စစီးကြပါသည်။
"နေဦး ငါနောက်က အရင်တက်မယ်၊ နင်က ပုံမှန်အတိုင်းပဲနင်း၊ အရှိန်ရမှ နင့်ခြေထောက်လွှတ်လိုက်"
"အေးပါ ငါနင်းပြီနော်"
"နင်း၊ လက်စ်ဂိုး"
အရှိန်ရတော့ သူ့ခြေထောက်ကို စက်ဘီးအောက်တန်းပေါ်သို့ တင်လိုက်သည်။ ထို့နောက် ကျွန်မခြေထောက်များက ခြေနင်းပေါ်သို့ လှမ်းတင်ကာ နင်းတော့သည်။ သူနှင့်ကျွန်မ လမ်းတစ်လျှောက် လှိမ့်တော့သည်။
အပိုင်းထဲမှ လမ်းဖြစ်၍ နေ့ခင်းဘက် လူရှင်းပါသည်။ လမ်းတစ်ဖက်စီတွင် မဲဇလီပင်များ ရှိခြင်းကြောင့် နေပျောက်ထိုးသည် ဆိုရုံမျှ။ သူနှင့်ကျွန်မ ပျော်နေပါသည်။ စက်ဘီးမလဲအောင် နှစ်ယောက်စလုံး ဟန်ချက်ညီစွာ ထိန်းရသည် ဖြစ်၍ စကားများများ မပြောနိုင်။
အဲဒီစက်ဘီးပေါ်မှာ အတူရှိခဲ့ကြတဲ့ တစ်ဆယ့်ငါးမိနစ်သော အခိုက်အတန့်လေးကို ပြန်တွေးတိုင်း
တစ်ဆယ့်ငါးမိနစ် မကသော ပျော်ရွှင်ကြည်နူးမှုကို ပြန်ရစမြဲပါပဲ။ အဲ့သည်တုန်းက ကျွန်မတို့နှစ်ယောက်စလုံး အဖြူထည် သက်သက်ပဲလား၊ အဲ့သည့် ခဏလေးက အရောင်ဆိုးဖို့ လုံလောက်ရဲ့လား ကျွန်မ မသိပါ။ လောကကြီးအကြောင်း နားမလည်သေးသည့် ကလေးနှစ်ယောက်သည် ဖြူစင်ခဲ့မှာတော့ သေချာပါသည်။"ဟေး...သူရိန်..၊ နွေ ...ဆရာမက လာခဲ့တော့တဲ့ မဆော့နဲ့တော့တဲ့"
ထက်ထက်က ဆရာမအိမ်ရှေ့တွင် ထွက်ကာ ကျွန်မတို့ကို လှမ်းအော်ပြောနေသည်။
STAI LEGGENDO
ရင်ထဲကနွေ