Part 2💛

5.4K 298 2
                                    

ဥသြ စားပွဲပေါ်က စာအုပ်တွေကြည့်ရုံနှင့် ငိုချင်လာသည်။ နွေရာသီကျောင်းပိတ်ရက်လေး ကောင်းကောင်းတောင်မနားရသေး။ ဆရာဆိုသည့် လူရောက်လာသည်။ ယခုတော့ ကိုးတန်းစာတောင် ခေါင်းထဲကမထုတ်ရသေးခင် ဆယ်တန်းစာတွေ သင်ရတော့မည်။

စားပွဲရှေ့ မျက်ရည်တွေဝဲကာ ငူငူငိုင်ငိုင် ရပ်နေသည့် ကောင်လေးကြောင့် မဟာ ရယ်ချင်လာသည်။ ကလေးတွေ စာလုပ်ရတာ တယ်ပျင်းသကိုး။

"ကဲ စကြမလား နွေဥသြ။''

ဥသြ ပြတင်းပေါက်ကနေ အောက်လှမ်းကြည့်လိုက်တော့ အမေ က ငရုတ်သီးတွေလှမ်းနေသည်။ ခုချိန်လစ်ပြေးလျှင် တစ်သက်တာမမေ့နိုင်မည့် အမေ့လက်စွမ်း လေးခံစားရလိမ့်မည်။

ဆရာဟုသာ အမည်ခံ တစ်ဆက်မှ တည်တည်တံတံ နှင့် ဆရာဥပဓိရုပ်မရှိ။ ခပ်ဆတ်ဆတ်မျက်စောင်းထိုးကာ ခုံတွင်ထိုင်ချလိုက်သည်။

ထိုင်ခါနီး ခုံအားသေချာကြည့်ထိုင်သော်လည်း ဖင်ထိုင်ချသည့်အခါရောက်မှ မည်သို့မည်ပုံ ခုံက နောက်ရောက်သွားသည်လဲမသိ။ ကြမ်းပြင်ပေါ် ပုံပျက်ပန်းပျက် ထိုင်လျက်ကျတော့သည်။

"အမယ်လေးဗျ။ ဆတ်သားခြောက်ဖုတ်။''

ယောင်သံနဲ့အတူ မဟာ ရဲ့ ရယ်သံကိုကြားလိုက်ရသည်။ ဥသြ အံကြိတ်ကာ မဟာ့ ကို မျက်ထောက်နီနှင့်ကြည့်လိုက်သည်။ ထိုလူကြီးကတော့ မသိချင်ယောင်ဆောင်။

"ကဲ နွေဥသြ ရယ် သတိထားမှပေါ့။ ကလေးလည်းမဟုတ်တာကိုကွာ။''

မဟာ ရဲ့ နှုတ်ခမ်းက ပြုံးစိစိ ပြုံးစစ ဖြစ်နေသည်။ ဥသြ စိတ်ထဲကနေ အချက်ပေါင်း တစ်သောင်းလောက် ထိုလူကြီးကို ပိတ်ထိုးလိုက်ပြီဖြစ်သည်။ လက်ရှိတွင်တော့ ဖုတ်ဖတ်ခါကာ အောင့်တက်တက် တင်ညောင့်ရိုးကိုသာ ခေတ္တမျှ ဖိရင်း ခုံတွင်ပြန်ထိုင်လိုက်သည်။

"အယုတ်တမာ ရန်ကုန်သား။''

ခပ်တိုးတိုး ကြိတ်ဆဲလိုက်သည်။ ဒေါသကြောင့် လက်ဆစ်တွေ တတောက်တောက်နှင့် ချိုးနေမိသေး။

"Bio လေးက စလိုက်ကြရအောင်။''

အချိန်တစ်ခုလောက်ကြာပြီးသည့်နောက်တွင် ဥသြ မကျေနပ်နိုင်တော့။ သူ့အား Bio စာပုဒ် ကျက်ခိုင်းထားပြီး ဆရာကတော့ ဘေးတွင် ဟောက်ရမ်းကာ အိပ်ငိုက်နေသည်တဲ့။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now