Part 27💛

1.4K 99 2
                                    

မဟာ မှာ ဥသြ ရဲ့ စိတ်ဆိုးဆိုးနှင့် အော်သံလေးကြောင့် ဗိုက်ဆာသည်မှာပင် ပျောက်သွားသလို။

"လာပါအုံး ကလေးလေး ရဲ့။''

ဥသြ က နှုတ်ခမ်းဆူကာ မျက်မှောင်ကြုတ်လျက်ဖြင့် မဟာ့ ဆီလျှောက်လာသည်။

"ဘာလုပ်မလို့လဲ။''

"အာဘွား ပေးချင်လို့။''

မဟာ က ဥသြ ရဲ့ မျက်နှာလေးအားဆွဲကာ ဘယ်ဘက်ပါးပြင်အပေါ် မွှေးကြူလိုက်သည်။

"ဟောဗျာ။ ဗိုက်ဝသွားပြီ။''

အပြော နှင့် ဆန့်ကျင်စွာ ဗိုက်မှ ဂွီ ဆိုသည့်အသံကြီးထွက်လာသည်။ ဥသြ က မျက်စောင်းထိုးကြည့်လာသည်မို့ အရှက်ပြေ သွားဖြဲကာ ပြုံးပြလိုက်သည်။

"နင်...နင်တို့နှစ်ယောက်က...။ ထင်လင်း နဲ့ ဖိုးကုလား လိုပဲလား။''

ငြိမ်နေသည်မှာ မှန်ကန်ကြောင်း သက်သေပြနေသယောင်။ ရွှေရည် မှာ ကယောင်ချောက်ခြားဖြင့် ''မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။'' ဟုအော်ကာ ခြေကားယား လက်ကားယားဖြင့် ထွက်ပြေးသွားသည်။ ဝတ်ရည် အတွက်တော့ အံ့သြမနေ။ ဘောလုံးပွဲသွားကြည့်တည်းက သူတို့နှစ်ယောက် ဘာညာဘာညာမှန်း သိပြီးသားဖြစ်သည်။ ညီမဖြစ်သူအတွက်တော့ စိတ်မကောင်းမိပါချေ။
###

ည ၇ကျော်လောက်တွင် ဦးသန်းနေ အိမ်ပေါ်က ဆင်းလာကာ မဟာ နှင့် ရှင့်သွန်း အား ထိပ်တုံးဖြုတ်ပေးသည်။ နောက်တစ်ခါထပ်မလုပ်ရန်မှာပြီး အိမ်ထဲပြန်ဝင်ခိုင်းသည်။ တစ်နေ့လုံး စင်းထားရသည့် ခြေထောက်တွေက ညောင်းညာကိုက်ခဲနေသည်။ မောင်နှမ နှစ်ယောက် တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ အပေါ်ထပ်ကိုတက်လာခဲ့သည်။ ရှင့်သွန်း က သူ့အခန်းထဲဝင်သွားပြီဖြစ်သော်လည်း မဟာ ကတော့ ဥသြ အခန်းကိုသာ ရွေးချယ်လိုက်သည်။

အိပ်ကျော်နေတဲ့ ဥသြ မျက်နှာလေးအပေါ် လရောင်ဖျာကျနေသည်။ ပန်းနုရောင် ပါးဖောင်းဖောင်း လေးများနှင့် နှုတ်ခမ်းဆူထော်ထော်လေးများအား ကြည့်ခြင်းအားဖြင့် ခလေးသာဖြစ်သေးမှန်းသိသာသည်။ နဖူးပေါ်အနမ်းခြွေလိုက်ကာ အနာဂတ်အတွက် ကတိတစ်ခုအားပေးနေမိသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now