ဗုံသံ ဆိုင်းသံတွေကြောင့် မဟာ နဲ့ ဥသြ တို့နိုးလာသည်။
"ဟာကွာ ဘယ်က ဆူညံနေတာလဲ။''
မဟာ က မျက်လုံးမဖွင့်ဘဲ အိပ်ရာထဲလူးလိမ့်ရင်း ပြောလိုက်သည်။ ဥသြ က မဟာ့ လက်မောင်းကို တဖြတ်ဖြတ်ရိုက်ကာ နှိုးသည်။
"ဟေ့လူ ထထ။ ရှင်လောင်းလှည့်နေတာဗျ။ ထကြည့်။''
အိပ်မှုန်စုန်ဖွား မျက်လုံးနဲ့ ပြတင်းပေါက်ကိုသွားကာ ကြည့်လိုက်တော့ ကခုန်နေကြတဲ့ လူအုပ်တန်းကြီး။ ရှင်လောင်းတွေက အဆင်တန်ဆာဝတ်ဆင်ထားကြတဲ့ မြင်းဖြူကြီးတွေပေါ်မှာ ရွှေထီးမိုးပြီး ထိုင်နေကြသည်။
ဒိုးပတ်သံ ဝါးလက်ခုပ်သံတို့ဆူဆူညံညံနှင့်။ ဦးရွှေရိုး နဲ့ ဒေါ်မိုး ကနေကြသည့် သူတွေကို ဘေးကလူတွေက အားပေးနေကြသည်။ ရှင်လောင်းမိဘတွေက ရွှေအပြည့် ငွေအပြည့်နှင့် ချီနေသည့်မျက်နှာများက ရွှင်ရွှင်ပျပျ။
"ခင်ဗျား ရေမြန်မြန်သွားချိုးတော့။''
ဥသြ က ပြတင်းပေါက်နားရပ်နေတဲ့ မဟာ့ ကို တွန်းထုတ်ကာ ရေ အတင်းသွားချိုးခိုင်းသည်။
"ဘာလို့လဲ။''
"ရှင်လောင်းတွေ ဆံချပြီး သင်္ကန်းစီးပြီးရင် အလှူရှိတယ်။ မြန်မြန်လုပ် နောက်ကျသွားလို့မဖြစ်ဘူး။''
ဥသြ က မဟာ့ ကို တွန်းထုတ်နေတုန်း တံခါးက ဝုန်းခနဲ ကျယ်လောင်စွာ ပွင့်သွားသည်။
"မင်းတို့ ပန်းတောင်ကိုင်က ဘယ်သူလဲဆိုတာသိကြလား။''
မဟာ က ဦးရွှေရိုး ဒေါ်မိုး အက နှင့် ရှင်လောင်းမိဘများဆီမှ လက်ဝတ်ရတနာများကိုသာ အာရုံစိုက်နေသည်မို့၊ ရွာအလှလေးများဖြစ်သည့် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တို့ကိုတောင်မတွေ့လိုက်။
"ငါ ဘယ်လိုသိမှာလဲ ဟ။''
"ဒါဆို နွေဥသြ မင်းရော။ သူ့ကို သိလား။''
"ပန်းတောင်ကိုင် လား။ သိတယ်လေ။ ရွှေရည့် အစ်မ ဆောင်းဝတ်ရည်။''
ရှင့်သွန်း က အတွေးစတို့နယ်ချဲ့ရင်း ပြုံးကာပြောလိုက်သည်။
"လူလေးလည်းလှ။ နမည်လေးလည်းလှပါလား။''
ထို့နောက် အခန်းထဲက ပြန်ထွက်သွားသည်။ ဥသြ က မဟာ အား ဘာဖြစ်တာလဲ ဆိုသည့်မျက်လုံးလေးနှင့်ကြည့်သည်။ မဟာ က ဥသြ ပုခုံးနောက်ကနေ ဖက်လိုက်ကာ တစ်ကိုယ်လုံး ပစ်တင်လိုက်သည်။
YOU ARE READING
အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete
RomanceZawgyi နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပဲ။ (အကြင်နာဝေသောနွေ)မိုးမဟာ+နွေဥသြ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အစုကြီးကျေးရွာသို့ အလည်တစ်ခေါက်။ Unicode နွေ~~ နွေကပူလောင်ပေမယ့် အကြင်နာတွေရှိနေသ၍ အေးမြနေမှာပါပ...