Part 15💛

1.9K 148 16
                                    

မဟာ နဲ့ ဥသြ အိမ်သာလမ်းကပြန်လာတဲ့အချိန်၊ မဟာ့ ခြေထောက် စူးကနဲ ဖြစ်သွားကာ နာကျင်သွားသည်။

"ဟေ့ ခင်ဗျား ဘာဖြစ်သွားတာလဲ။''

"ကိုယ် မြွေပေါက်ခံရပြီထင်တယ်။''

ဥသြ ချက်ချင်းစိုးရိမ်ကာ မဟာ့ ခြေထောက်ကိုကြည့်လိုက်တော့ သွားပေါက်ရာ ခပ်သေးသေးနှစ်ခု။ ဘေးဘီ ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ မြက်တောထဲ အနီရောင် မြွေသေးသေးလေးကိုတွေ့လိုက်သည်။

"မြွေက အနီရောင်။ ဘာမြွေကြီးလဲ။''

"ဥသြ အဆိပ်ပြင်းမယ်ထင်တယ်။ ကိုယ် သေရတော့မှာလား။''

"ဖွဖွ။ ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ မဟုတ်က ဟုတ်က။''

တကယ်တော့ ဥသြ သည်လည်း ရင်တထိတ်ထိတ်နဲ့ ထိတ်လန့်နေသည်။ မဟာ့ ကို သူမည်သည်မှ မဖြစ်သွားစေချင်ပါ။ သူ့ကြောင့် ဆိုလျှင် ပို၍ပင် မည်သည့်ကိစ္စမှ မဖြစ်စေချင်။

"ကျတော်ကြားဖူးတယ်။ မြွေဆိပ်က စုပ်ထုတ်လို့ရတယ်တဲ့။''

"အာ့ဆို ကိုယ့်ကိုစုပ်ပေး။ အဲ မှုတ်ပေး။''

"ဟေ့လူ ခင်ဗျား ဘာတွေပြောနေတာလဲ။ မိုက်ရိုင်းလိုက်တာ။''

"ကိုယ်ပြောတာ ကိုယ့် မြွေဆိပ်ကို စုပ်ထုတ်ပေးလေလို့ပြောတာလေ။ ဥသြ ဘာတွေတွေးနေတာလဲ။ အသက်မပြည့်သေးတဲ့ ကလေးက ဒါတွေသိတာပဲလား။''

ဥသြ မျက်နှာလေးတွေရဲတွတ်နေသည်။ မဟာ ကတော့ မြွေပေါက်ခံရသည်ကို ပျော်နေသည့်ပုံ။ ဥသြ လူတစ်ယောက် ခြေထောက်အား နှုတ်ခမ်းနဲ့မထိချင်ပါ။ သို့သော် မဟာ က သူ့နောက်လိုက်လာရင်း ထိုသို့ဖြစ်ရသည်ဆိုတော့ သူ့အမှားလည်းပါသည်။

စိတ်လျော့ကာ နှုတ်ခမ်းရှေ့ထော်ပြီး မဟာ့ ခြေထောက်နား တိုးကပ်လာသည်။ မဟာ က ရုတ်တရက် ဥသြ မျက်နှာလေးအား ဆွဲယူလိုက်ကာ ခြေထောက်အစား သူ့နှုတ်ခမ့်းများဆီ ဦးတည်ရာလမ်းကြောင်း ပြောင်းစေလိုက်သည်။

မဟာ က မျက်လုံးများမှိတ်ကာ ဥသြ နှုတ်ခမ်းအား အရသာခံကာ စားသုံး​နေသော်လည်း၊ ဥသြ ကတော့ မျက်လုံးများပြူးကျယ်စွာ မဟာ အားကြည့်ပြီး တုန့်ပြန်ရန် မေ့လျော့နေခဲ့သည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Opowieści tętniące życiem. Odkryj je teraz